အပိုင်း(၃၃)

1.2K 4 0
                                    

အကုန်လုံးသိမ်းဆည်းပြီးတော့ နောက်ဆုံးပြန်ရမည့်အချိန်ကိုရောက်ရှိလာလေပြီ။

သူဇာတို့အထုတ်တွေသိမ်းဆည်း၊ ကားပေါ်အထုပ်တွေတင်၊ Hotel check out လုပ်တာနဲ့ဆို အကုန်လုံးပြီးတဲ့ချိန် နာရီကြည့်လိုက်တော့ မနက်(၁၁)နာရီပဲ ရှိသေးသည်။

ကားစီးရအုံးမှာဆိုတော့ အချိန်မဆွဲနေတော့ပေ။

"ကျမတို့ Hotel မှာ လာရောက်တည်းခိုပေးတဲ့အတွက် အစ်ကိုတို့၊ အစ်မတို့ ဇနီးမောင်နှံကို ကျေးဇူးတင်ပါတယ်ရှင်"

"နောက်လည်း လာရောက်တည်းခိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်"

ဧည့်ကြိုဌာနက ကလေးမ နှစ်ယောက်ကတော့ ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်နေရှသည်။

သူဇာ ကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်တက်လာခဲ့တော့သည်။

သူဇာ ခရီးပြန်တော့မည် ဖြစ်သဖြင့် ဘလောက်ခပ်ပွပွလေးနှင့် စပန့်ဂါဝန်လေးကိုသာ ရိုးရိုးလေးဝတ်ထားသည်။

ကိုမျိုးလွင်ကတော့ သူဝတ်နေကျစတိုင်အတိုင်း ပိုလိုရှပ်အမည်းရောင်နဲ့ ဂျင်းဘောင်းဘီအပြာရောင်ကို ဝတ်ထားသည်။

ကားပေါ်ကစထွက်ပြီး သီချင်းလေးတွေဆိုလိုက်၊ စကားလေးတပြောပြောနဲ့ မောင်းလာကြသည်။

အသွားခရီးထက်စာလျှင် အပြန်ခရီးမှာ တစ်ယောက်အကြောင်း တစ်ယောက် ပိုပိုသိလာကြသဖြင့် စကားဖောင်ဖွဲ့လို့ မဆုံးပေ။

"မောင်တော့ ဒီခရီးက မောင်ဘဝတွက် မှတ်မှတ်ရရဖြစ်နေတော့မှာပဲကွာ"

"သူဇာရော ပြန်ရောက်ရင် မောင့်ကို မေ့သွားမှာလား"

"မမေ့ပါဘူး မောင်ရယ်"

"မောင် သတိရရင် message လေးတော့ ပို့မယ်နော်"

"အရမ်းလွမ်းလာရင် ဖုန်းခေါ်မယ်နော်။ ဖုန်းကိုင်နော်"

"အင်းပါ မောင်ရယ်။ ဒါပေမဲ့ အရမ်းကြီးသိသာအောင်တော့ မပြမိစေနဲ့အုံး"

"ဝင့်ဝါ နဲ့ မင်းထက်ပါ သိကုန်ရင် မကောင်းဘူးပဲ"

"အင်းပါ။ မောင် အရိပ်အခြည်ကြည့်တတ်ပါတယ်"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now