အပိုင်း(၄၉)

1.5K 4 0
                                    

ကိုမျိုးလွင် နဲ့ သူဇာ

သူဇာ အပြာယူလိုက်ကတည်းက ကိုမျိုးလွင်နဲ့ ကျမယ်မှန်း ကြိုသိနှင့်နေပြီးသားဖြစ်သည်။

အတွဲကိုယ်စီကို မဲဆွဲ၍ ကျရာကိုယ်စီဆီ သွားနေကြတော့ သူမလည်း ကိုမျိုးလွင်ရှိရာသို့ လျှောက်သွားလိုက်သည်။

"ကိုမျိုးလွင်ရေ။ ရှင့်နဲ့ ကျမ အတူတူကျတယ်။"

သူဇာ ကျန်တဲ့အတွဲကိုယ်စီရှိနေသေးတော့ စကားကို ထိန်းကာပြောနေကြသည်။

သူမယောက်ျားကတော့ မင်းထက်ကတော့ Emma ကို လက်ဆွဲခေါ်ပြီး သူမတို့အိမ်ရှိရာဖက်ခြမ်းသို့ စထွက်မလို့လုပ်နေသည်။

"သွားမယ်လေ ကျနော်တို့ အိမ်‌ကို။"

ကိုမျိုးလွင်က မင်းထက်ကို လှမ်းပြောလိုက်သည်။

"မင်းထက်ရေ။ ခင်ဗျားအမျိုးသမီးကို ကျနော်ခေါ်သွားပြီနော်။"

"ကျနော့ မိန်းမကို သေသေချာချာ ဂရုစိုက်ပေးလိုက်ပါအုံး ခင်ဗျား။"

မင်းထက်က နောက်ကွယ်က အကြောင်းအရာတွေ ဘာမှ မသိထားတော့ အရိုးခံအတိုင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။ လာ......သူဇာ ကျနော်တို့ သွားရအောင်"

ကိုမျိုးလွင် သူဇာလက်ဖဝါးလေးကို ဆွဲခေါ်ကာ သူ့ကားပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

ကားပေါ်ရောက်သည် အထိ နှစ်ယောက်သား ဘာစကားမှ မဆိုကြ။

သူဇာ က သူမအပြစ်နဲ့ သူမ ဆိုတော့ ဘာပြောရမလဲ မတွေးတတ်။

ကိုမျိုးလွင်ကလည်း ဘယ်ကစလို့ စပြီး ပြောရမှန်း မသိဖြစ်နေသည်။

သူ့အိမ်ရှိရာ လမ်းပေါ်သို့ ကားကိုဦးတည်လိုက်ပြီး လမ်းပေါ် လူရှင်းတဲ့တစ်နေရာ အရောက်မှာ လမ်းဘေးသို့ ကားချကာ ရပ်နားလိုက်သည်။

"ပြောပါအုံး......သူဇာ။ မောင်ကို ဘာလို့ အဆက်အသွယ် ဖြတ်ထားလဲဆိုတာကို။"

"သူဇာ မောင့်ကို စိတ်မပြတ်တာ၊ ချစ်နေသေးတာကို မောင်သိတယ်။ ဒါကြောင့်လည်း သူဇာက မောင်ပြောတဲ့အရောင်ကို ဆွဲခဲ့တာပဲမလား။"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now