အပိုင်း(၂၁)

1.3K 2 0
                                    

စတုတ္ထနေ့

သူဇာ မအီမသာနဲ့ တရေးနိုးလာသည်။

နာရီကြည့်လိုက်တော့ မနက်(၁)နာရီပဲရှိသေးသည်။

ရင်ထဲ ပျို့အန်ချင်သလိုဖြစ်ပြီး ဗိုက်မအီမသာခံစားနေရသည်။

ညကလည်း အလည်ထွက်ပြီး ပြန်လာသဖြင့် မောမောပန်းပန်းနှစ်ယောက်သား ရေချိုးပြီး အိပ်လိုက်ကြတာ တစ်ချိုးတည်း။

"ကျွတ်.....ကျွတ်.....ကျွတ်"

သူဇာ ဗိုက်ပိုအောင့်လာသည်။

ဘေးမှာ ကိုမျိုးလွင်ကတော့ ဘာမှမသိရှာ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

သူဇာ သန့်စင်ခန်းဆီဝင်လိုက်သည်။

ရင်ထဲ ပြို့ဆန်တက်လာသဖြင့် ဘေစင်ထဲ အန်ချလိုက်သည်။

မနေ့က အလည်သွားရင်း အစားစုံသွားလို့လားပင်။

"ဝေါ့.......ဝေါ့"

သူဇာ အန်လိုက်သဖြင့် အနည်းငယ်နေသာသလိုတော့ ရှိသွားသည်။

သို့သော် ခေါင်းမူးနောက်လာပြန်သည်။

ချွတ်...ချွတ်...ချွတ် အသံကြားသဖြင့် ကိုမျိုးလွင် နိုးလာသည်။

ဘေးမှာရှိနေကြ သူဇာကို အိပ်ချင်မူးတူးနဲ့ စမ်းလိုက်သော်လည်း ဘာမှ မရှိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

ဟုတ်သည်။

သူဇာမရှိပေ။

ရေချိုးခန်းထဲမှာ မီးတော့လင်းနေသည်။

ကိုမျိုးလွင် ကပျာကယာအိပ်ယာက ထပြီး ရေချိုးခန်းဆီ ဝင်လာသည်။

ရေချိုးခန်းထဲမှာ မျက်နှာ နွမ်းနွမ်းနဲ့ အန်နေသာ သူဇာကို တွေ့လိုက်ရသည်။

"သူဇာ....နေမကောင်းဘူးလား"

"ဟုတ်တယ် မောင်"

"ရင်ထဲ တလှပ်လှပ်နဲ့နေမကောင်းဘူး"

"ချွေးစေးတွေ ပြန်နေပါလား သူဇာ"

"မဖြစ်ချေဘူး.....ဟိုတယ်ကို phone ဆက်ပြီး ဆရာဝန်ခေါ်မှရမယ်ထင်တယ်"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now