အပိုင်း(၁၄)

1.5K 4 0
                                    

ညနေ(၄)နာရီလောက်ကြတော့ နှစ်ယောက်သားနိုးလာကြသည်။

"မောင်တို့ ရေကူးကြမလားသူဇာ။"

"ကူးမှာပေါ့ မောင်ရဲ့။ ရေထဲဆင်းချင်လို့ ချောင်းသာကို လာတာလေ"

"ဟုတ်လို့လား။ မောင့်ကိုတွေ့ချင်လို့လား။ ချောင်းသာကိုလာချင်တာလား မှန်မှန်ပြော"

"ဟင့်အင်း ချောင်းသာ ကိုလာချင်လို့ မောင်ရဲ့"

"လာခဲ့ ချောင်းသာကိုလာချင်လို့ ဆိုတဲ့ကောင်မလေးကို ပညာပေးရမယ်"

ကိုမျိုးလွင်အားကြီးနဲ့ သူဇာကို ညစ်လိုက်သည်။

"အင့်"

"မောင် စမနေနဲ့။ ကဲ.....ကဲ ဒီက မောင်ကြီးနဲ့ တွေ့ဖို့က အဓိကပါရှင်"

"ဒီလိုမှပေါ့"

ကိုမျိုးလွင်က ရေကူးဘောင်းဘီနဲ့လဲလိုက်သည်။

အပေါ်ပိုင်းက ဗလာကျင်းနေတော့ ရင်အုပ်ကြွက်သားတွေက ကားကားဝင့်ဝင့်။

ရင်ဘတ်မွှေးခပ်ထူထူနဲ့ဆိုတော့ တော်တော် sexy ဖြစ်နေသည်။

သူဇာက သူမကြိုဝယ်လာသည့် swimsuit နဲ့ ပြောင်းဝတ်လိုက်သည်။

2 pieces ဝတ်ချင်ပေမဲ့ နည်းနည်းရှက်တတ်လို့ one pieces ပန်းပွင့်အဆင် လိမ္မော်ရောင်လေးဝယ်လာခဲ့သည်။

Swim suit ကို လုံခြုံသလို ရှိသော်ငြားလည်း သူဇာ နို့နှစ်လုံးနှင့် တင်တွေ၏ စွင့်ကားတင်းရင်းမှုကို မဖုံးကွယ်နိုင်။

"လှလိုက်တာ သူဇာရယ်"

ကိုမျိုးလွင် တိုးတိုးလေး ရေရွတ်ပြီး သူဇာလက်ကို ဆွဲကာ ပင်လယ်ထဲ ဆင်းသွားကြသည်။

မသိတဲ့သူဆိုပါက အခုမှ ဟန်းနီးမွန်းထွက်လာသည့် အတွဲတွေလိုပင်။

ပင်လယ်ထဲသူဇာရောက်တော့ ငါးလေး ပင်လယ်ထဲလွှတ်ချလိုက်သည့် ကျွမ်းကျွင်စွာ ကူးခတ်နေသည်။

ကိုမျိုးလွင်က ရေမကူးတတ်။ ရေဆော့ရုံဆော့နေသည်။

နှစ်ယောက်သား ပင်လယ်ထဲ ကလေးတွေလို စိန်ပြေတမ်းလိုက်တမ်းဆော့နေကြသလိုပင်။

သူဇာက ဗွမ်းခနဲ့ပေါ်လာလိုက်။ မြုပ်သွားလိုက်။

ကိုမျိုးလွင် လိုက်ဖမ်းနေရရှာသည်။

"ဒီတစ်ခါတော့ လာစမ်း။ ဖမ်းပစ်လိုက်မယ်"

ကိုမျိုးလွင်စိတ်ရှည်လက်ရှည်စောင့်ရင်း သူဇာ ရေပေါ်ပေါ်လာသည်အထိစောင့်နေသည်။

သူဇာပေါ်ကတော့ ကိုမျိုးလွင် အုပ်ချလိုက်သည်။

မလွှတ်ပေးတော့။

ကိုမျိုးလွင်၏ ရင်အုပ်ကျယ်ကြီးထဲ သူဇာ ဖမ်းမိနေတော့သည်။

ကိုမျိုးလွင်က ပိုက်ရင် လက်က အငြိမ်မနေ။

သူဇာတင်တွေကိုပါ ပွတ်နေသည်။

သူဇာ ရှက်လို့ ဘေးဘီကိုကြည့်လိုက်သော်လည်း ဘယ်သူမှ ကိုယ်တွေကို စိတ်မဝင်စား။

အကုန်လုံးက သူ့ဖာသာသူ ကစားတဲ့သူက ကစား၊ ဆော့တဲ့သူက ဆော့နေကြသည်။

"ချစ်တယ် သူဇာရယ်"

ကိုမျိုးလွင်ဆီက ရေမွှေးနံ့နဲ့ ကိုယ်နံ့ရောနေတဲ့ အနံ့ရယ်၊ ပင်လယ်က ဆားနံ့တွေထဲ သူဇာ ရစ်မူးနေမိသည်။

ကိုမျိုးလွင်ရေကူးဘောင်းဘီအောက်က တင်းမာနေသောအရာကို သူဇာကိုယ်ခန္ဓာက ခံစားမိနေသည်။

နှစ်ယောက်သား ဆော့လိုက်၊ ကစားလိုက်၊ ပိုက်လိုက်နဲ့ နေဝင်ရီတရောလောက်မှ ပင်လယ်ပေါ်ကနေ တက်ခဲ့ကြသည်။

ဘန်ဂလိုဆီရောက်တော့ ရေချိုး၊ ညစာစားဖို့ထွက်ခဲ့ကြသည်။

ညစာက ဘူဖေးဆိုတော့ စိတ်ကြိုက်ပင်။

ပင်လယ်စာ တုမ်ယမ်း၊ ဂဏန်းပျော့ကြော်၊ ငါးချိုချဉ်၊ ကင်းမွန်ပွကြော်၊ ပြည်ကြီးငါးသုပ်....

ပင်လယ်စာတွေ ပေါချင်းသောချင်းပဲ။

နှစ်ယောက်သား ခေါင်းမဖော်စတမ်းစားကာ ဘန်ဂလို ပြန်လာခဲ့သည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now