အပိုင်း(၃၅)

1.2K 4 0
                                    

နှစ်ပတ်ခန့်ကြာသော်........

အရာအားလုံးက သူ့ဟာနဲ့သူ နေသားတကျ ဖြစ်စပြုနေပြီ။

"ကိုရေ .....ချစ် မနက်စာလုပ်စားတယ်။ အလုပ်မသွားခင်စားသွားလိုက်အုံး။"

"ဘာလုပ်ထားတာလဲ မိန်းမရဲ့။"

"ညက ထမင်းတွေပိုတာနဲ့ ထမင်းကြမ်းတွေကိုကျော်ထားတယ်။ ပြီးတော့ ကြက်ဥလည်းကြော်ပေးထားတယ်။ ကော်ဖီလည်း ဖျော်ပေးထားပါတယ်ရှင်။"

"မင်းထက်တော့ မိန်းမရတာ ကံကောင်းတယ်ကွာ...ဟား....ဟား"

သူဇာလည်း ခရီးကပြန်ရောက်‌လာကတည်း သူမရဲ့ နေ့စဉ်ဘဝထဲ ပြန်လည်ဝင်ရောက်သွားပြီဖြစ်သည်။

ပြန်ရောက်ကစ တပတ်လောက်က ကိုမျိုးလွင်ဆီက message တွေ မကြာမကြာအမြဲဝင်လေ့ရှိသော်လည်း သူဇာတစ်ခွန်းမှ ပြန်မဖြေ။

သူမအောင့်နိုင်လို့ထင်သည်။ ဖုန်းတွေပါ ရံဖန်ရံခါခေါ်သည်။

သူဇာ မကိုင်ပေ။

ဇာတ်လမ်းကို အဆုံးသတ်မည်ဟု တွေးထားသည်။

အခုလည်း မင်းထက်နဲ့ သူမ သာယာသော အိမ်ထောင်ရေးတစ်ခု ထည်ဆောက်ထားပြီးသားပဲ။

ဒါကို ဖြိုချဖျက်ဆီးဖို့ သူမ မတွေးဝံ့ပါ။

"ကိုပြန်လာရင် ချစ်ဘာစားချင်လဲ။ ဘာဝယ်ခဲ့ရမလဲ။"

"ချစ်တို့ ဘဲကင်စားကြရင်ကောင်းမလား ကို။"

"အင်း ချစ်စားချင်ရင် ကိုယ်ဝယ်လာခဲ့လိုက်မယ်လေ"

"ဒါဆို ကို အလုပ်သွားပြီနော်"

"ကားဂရုစိုက်အောင်းနော် ကို"

"Bye...bye"

မင်းထက်အလုပ်သွားတော့ သူဇာလည်း သူမအလုပ်ခန်းကို သွားရတော့မည်။

ဓာတ်ပုံရိုက်ထားတာတွေကို Edit လုပ်တာရယ်၊ တချို့ရက်တွေကျ ကြေငြာကိစ္စပြောကြ၊ ဆိုကြတာနဲ့ တစ်ရက် တစ်ရက် ဘယ်လိုအချိန်ကူန်သွားမှန်းမသိပေ။

သူဇာ Studio အခန်းထဲမှာ အလုပ်တော်တော်များများပြီးလို့ အချိန်ကြည့်လိုက်တော့ နေ့လည် (၁၁)နာရီတောင်ထိုးနေပြီ။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now