အပိုင်း(၃၆)

1.2K 4 0
                                    

တံခါးဖွင့်လိုက်သော ဘေးအိမ်က Emma ကို မြင်လိုက်သည်။

"ဟိုင်း....သူဇာ"

"ဟိုင်း......Emma။ Long time no see နော်"

"Yes. တို့တွေ မတွေ့ကြတာ ၁လ၊ ၂လလောက်ရှိတော့မှာမလား"

"တို့အိမ်မှာ လုပ်တဲ့ Swingers party ကတည်းကလေနော်"

"ဟုတ်တာပေါ့ Emma ရဲ့။ ဝင်လာလေ...လာ.....လာ။ မင်းထက်လည်းရှိနေတယ်"

"ဟုတ်လား။ သူရှိတော့ ပိုကောင်းတာပေါ့။ တို့မှာ ပြောစရာ ကိစ္စလေးရှိလို့။"

သူဇာ Emma ကို ဧည့်ခန်းဆီခေါ်လာလိုက်သည်။

"Hey မင်းထက်ရေ။ တို့တွေ မတွေ့ရတာကြာပြီနော်။"

"Emma ပါလား။ ငါတို့ မဆုံဖြစ်တာကြာပြီနော်။ အဆင်ပြေကြတယ်မလား။"

"အင်း ပြေပါတယ်"

"Emma ရေ။ ယူ ဘာစားမလဲ။ တို့ဘာလုပ်ပေးရမလဲ။"

"ယူ့ယောကျ်ားကို စားမယ်လေ။ ရလား။"

Emma က အနောက်တိုင်းသူပီပီ အပြောရဲရဲနဲ့ စလိုက်သည်။

သူဇာလည်း Emmaစနေမှန်းသိသည်။

"စားမယ်ဆို ခဏပဲစားလို့မရဘူး။ အပိုင်သာ ယူလိုက်လေ"

"No...no......no. I'm just kidding."

"ပြောလေ လာရင်းကိစ္စကို"

"ဒီလို သူဇာရဲ့။ နှစ်ကလည်း ကုန်တော့မယ်မလား။ နှစ်မကုန် တစ်ရက်အလို December 31st မှာ Home party လေး လုပ်မလို့ လာဖိတ်တာ သူဇာရေ"

"ကောင်းသားပဲရော။ လင်မယားနှစ်ယောက်စလုံး အားရင် လာခဲ့မယ်လေ။"

"လာခဲ့မယ်လေ လုပ်မနေနဲ့ သူဇာရေ။ လာကိုလာရမှာ။"

"ဒီ Party က Private party လေ။ ပြီးတော့ Swinger party လို့ ပြောရင်လည်း မမှားဘူး။"

သူဇာနဲ့ မင်းထက် မတိုင်ပင်ထားဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။

"ရှင်းရှင်းလင်းလင်းပြေပါအုံး Emma ရယ်။ သူဇာ သိပ်မရှင်းလို့။"

"ဒီလို သူဇာရဲ့။"

"ဒီတစ်ခေါက်လုပ်မဲ့ Party က ဟိုးတစ်ခေါက်ကလိုပဲကွာ။ ဒါပေမဲ့ အဲတုန်းကလို လူမများဘူး။ နည်းနည်းလေးပဲ။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now