အပိုင်း(၂၉)

1.3K 4 0
                                    

သူဇာ နိုးလာတော့ ကိုမျိုးလွင် ရင်ခွင်ကျယ်အောက်မှာ။

ကိုမျိုးလွင်က သူမကို လွင့်ထွက်သွားမတတ်ခပ်တင်းတင်းဖက်ထားသည်။

သူ့ဆီက ဝင်သက်ထွက်သွက်နွေးနွေးလေးတွေကိုလည်း သူမပါးပြင်က ခံစားသိမိနေသည်။

ကိုမျိုးခွင်က ဖက်ထားရုံမတင်။

သူ့ကိုယ်လုံးအကြီးကြီးနဲ့ သူမ ခန္ဓာကိုယ်သေးသေးလေးကို ခွစီးထားသေးသည်။

လူကို သူ့အိပ်ယာထဲက ဖက်ခေါင်းအုံးထင်နေသလားပင်။

သို့ပေမဲ့ သူမပျော်နေသည်။

ကြည်နူးနေသည်။

တပြိုင်နက်ထဲမှပဲ မနက်ဖြန် ခွဲရတော့မည့်အရေးကို ကြိုလွမ်းနေမိသည်။

ခံစားချက်တွေက ရောပြွန်းနေသည်။

အပေါ်ကို မော့ကြည့်လိုက်တော့ ကိုမျိုးလွင် မှိတ်လျက်သားမျက်လုံးတွေက လှုပ်နေသည်ကို သူမ သတိထားမိလိုက်သည်။

သူအိပ်ပျော်ချင်ယောင်ဆောင်ပြီး သူမကို အသားယူနေတာပင်။

သူဇာ ပေါင်ဆီကတော့ ပူပူနွေးနွေးအထိအတွေ့တခုရလိုက်သည်။

ထုံးစံအတိုင်း သူ့ညီတောင်မောင်လည်း အတူတူနိုးလာတာပင်။

"လူဆိုးကြီး......အိပ်ပျော်ချင်ယောင်ဆောင်မနေနဲ့တော့"

သူဇာ ကိုမျိုးလွင်လက်မောင်းကို ခပ်နာနာလေး ဆိတ်လိုက်သည်။

"အ"

"ဟား......ဟား.....ဟား"

သူဇာ ကိုမျိုးလွင် ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး ထွက်ပြေးမလို့ကြံလိုက်သည်။

သို့သော် သူမအကြံနောက်ကျခဲ့လေပြီ။

"ဘယ်ပြေးမလဲ မိချိုသဲရေ"

သူဇာခါးဆီကို လက်တစ်စုံက ပွေ့ယူကာ ကုတင်ပေါ် ပြန်ပစ်လဲကျသွားသည်။

ကိုမျိုးလွင် သူဇာကို ချစ်ရည်ရွှန်းတဲ့မျက်ဝန်းနဲ့စိုက်ကြည့်ပြီး နမ်းလိုက်သည်။

ဒီတခေါက် အပျိုးအကြာကြီး မလုပ်တော့ပြီ။

သူဇာကို အောက်မှာထား။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now