အပိုင်း(၂၂)

1.3K 3 0
                                    

သူဇာနိုးလာတော့ ခေါင်းထဲနည်းနည်းကြည်စပြုနေပြီ။

မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးမှာ ကိုမျိုးလွင်က သူမလက်ကလေးကို အတိုင်သားဆုပ်ရင်း အိပ်ပျော်နေရှာသည်။

သူ့ခမျာလည်း သူရောဂါဖြစ်နေတာမဟုတ်ပေမဲ့ သူကိုယ်တိုင်ဖြစ်သလို လိုက်စိတ်ပူပေးရှာသည်။

သူဇာ အားလည်းနာရသလို ကြည်နူးစိတ်လည်း ဖြစ်မိသည်။

"Love me like you do......love....love...love me like you do"

ဖုန်းမြည်လာခြင်းဖြစ်သည်။

ကြည့်လိုက်တော့ သူဇာဖုန်းကနေ မင်းထက်  ဆက်နေခြင်းဖြစ်သည်။

သူဇာ ချောင်းသာရောက်ကတည်းက တစ်ခေါက်သာ ဆက်ရသေးသည်။

ကျန်တဲ့နေ့တွေမှာ ကိုမျိုးလွင်ရဲ့ အယုအယအောက်မျောပါနေတော့ လင်ယောကျ်ားကို စုန်းစုန်းမေ့။

"Hello"

"Hello သူဇာ ကိုပါ"

"အင်း"

"သူဇာ အသံက အားမရှိလိုက်တာ။ နေမကောင်းဘူးလား။"

"အဟင့်......ဟင့်......ဟင့်"

သူဇာ ယောကျ်ားအသံကြားပြီး ဘယ်ဖြစ်မှန်းမသိ ငိုချလိုက်ပါသည်။

သူဇာ လှုပ်လှုပ်ရွရွ ဖြစ်လာတော့ ဘေးမှာ အိပ်ပျော်နေသော ကိုမျိုးလွင်ပါနိုးလာသည်။

"နေမကောင်းဘူးလား....ကိုစိတ်ပူလိုက်တာ ချစ်ရယ်"

ဟိုဖက်က မင်းထက်ကတော့ အကြောင်းစုံမသိဘဲစိတ်ပူနေရှာသည်။

သူဇာ အငိုတိတ်အောင် လုပ်လိုက်ရင်း

"သူဇာ နည်းနည်းနေမကောင်းဖြစ်သွားတာပါ ကိုရဲ့"

"အခုတောင် နည်းနည်းပြန်ကောင်းနေပြီ"

"ကို လိုက်လာရမလား"

"မလာနဲ့ကို ချစ်သက်သာနေပြီ"

"ချစ် ဒါဆို ပြန်လာလိုက်တော့လေ"

"အင်း ဖိန်းနွဲ့ခါကျ ပြန်ရောက်မယ် ကို"

"ဂရုစိုက်အုံးနော် နေကောင်းအောင်နေ"

"အားရှိတာတွေစားအုံး"

မင်းထက်က စိတ်ပူစွာဖြင့် တတွတ်တွတ်မှာနေတော့ ဖုန်းနားထောင်နေတဲ့ သူဇာက မျက်ရည် အဖြိုင်ဖြိုင်ကျပြန်သည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now