အပိုင်း(၅၄)

3.2K 7 0
                                    

()နှစ်ခန့် ကြာသော်.........

"Happy birthday to you.....Happy birthday to you......Happy birthday....ချစ်ချစ်တုန်.....Happy Birthday to you"

မင်းထက်နဲ့ သူဇာတို့၏ သားလေး"ချစ်ချစ်တုန်" (၁)နှစ်ပြည့် မွေးနေ့ပွဲလေးလုပ်ပေးနေကြသည်။

မင်းထက်တို့ အခု နယ်မြို့လေးမှ ရန်ကုန်သို့ ပြန်ပြောင်းခဲ့ကြပြီ။

သူဇာမှ ကလေးယူရအောင် ပြောသဖြင့် သူာ၏ လက်မောင်းထဲ ထည့်ထားသော သန္ဓေတားဆေး အချောင်းလေးကို ထုတ်လိုက်ကာ ကလေးယူလိုက်ကြသည်။

ကလေးရတော့လည်း နှစ်ယောက်သား အရမ်းပျော်နေခဲ့ကြသည်။

ယောကျ်ားလေး မှန်း သူဇာ ကိုယ်ဝန်(၅)လလောက်တုန်းက ဗိုက်ကို Ultrasound ရိုက်တဲ့အချိန်မှာ သိလိုက်ရတော့ မင်းထက် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး လူသားက သူဖြစ်ခဲ့သည်။

သူဇာ က ရိုးရိုးပဲမွေးမည်ဆိုလို့ ကလေးကို သဘာဝအတိုင်း ရိုးရိုးပဲမွေးခဲ့သည်။

ထူးဆန်းတာ တစ်ခုက မင်းထက်ရော၊ သူဇာရောက အသားဖြူပေမဲ့ ကလေးက နည်းနည်းညိုနေသလားပင်။

သူ့မိန်းမ သူဇာကတော့တော့ စိတ်ထင်လို့နေမှာပါ ဟု နှစ်သိမ့်ပေးရှာသည်။

မင်းထက်အတွက် အသားအရေအရောင်က အရေးမကြီး။

ကလေး ကောင်းကောင်း ကြီးပြင်းလာဖို့သာ အာရုံရှိသည်။

"စားပါရှင်.......အားရပါးရစားကြပါအုံးရှင်"

"အားမနာနဲ့နော် ....စား......စား"

"ဟယ်......ကိုမျိုးလွင်နဲ့ ဝင့်ဝါ တစ်ကူးတစ်ကကြီး လာတာလား......ကြွပါရှင်......ကြွပါ"

ကိုမျိုးလွင်နဲ့ ဝင့်ဝါက New year night swingers party အပြီး (၆)လလောက်အကြာမှာ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြသည်။

မင်းထက်နဲ့ သူဇာတောင် အသိသက်သေအနေဖြင့် လက်မှတ်ထိုးခဲ့သေးသည်။

နောက်ကျမှ မင်းထက်ကို ရန်ကုန်ရုံးက ပြန်ခေါ်သဖြင့် လင်မယား(၂)ယောက်စလုံး ပြန်ပြောင်းလာခဲ့သည်။

John နဲ့ Emma ကတော့ သူတို့နိုင်ငံဆီ ပြန်သွားခဲ့ကြသဖြင့် သိပ်အဆက်အသွယ်တော့ မရှိ။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now