အပိုင်း(၄၀)

1.3K 3 0
                                    

December 31 ရက်နေ့

သူဇာ ဒီညအတွက် အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သို့သော် စိတ်လှုပ်ရှားတာက တပိုင်း၊ သွားချင်နေတာက တပိုင်း သတ်သတ်စီ။

ဒါကြောင့် ဒီညအတွက် လုံးဝအလှတွေ ပြင်ထားသည်။

ပိုးဖဲဂါဝန် ပျော့ပျော့ ခရမ်းရောင်တောက်တောက် ရင်ဟိုက်ဟိုက်၊ ပေါင်လည်လောက်ရှိတဲ့ဂါဝန်ကို ဝတ်ဆင်ထားသည်။

မိတ်ကပ်ကိုတော့ ခပ်ဖျော့ဖျော့လေး၊ နှုတ်ခမ်းနီကိုတောင် လိမ္မော်ရောင် ခပ်ဖျော့ဖျော့လေး ဆိုးထားသည်။

ထိုမျှတင်မက။

ဆီးခုံမွှေး၊ ခြေသလုံးမွှေးတွေကိုပါ waxing လုပ်ထားသည်။

ဆံပင်ကိုတော့ ဖားလျားလေးချထားပြီး အိမ်သုံးဆံပင်ကောက်စက်နဲ့ wave လေး အနည်းငယ်ပေါ်အောင် ကောက်ထားသည်။

"Wow ကိုယ့်မိန်းမ လုံးဝ sexy ကျနေပါလား။"

အလှပြင်ပြီး ထွက်လာသော သူဇာအလှမှာ မင်းထက် မှင်တက်မိပြီး ချီးကျူးလိုက်သည်။

မင်းထက်ကတော့  Smart causual လေးပဲ ဝတ်ထားသည်။

ဖလန်ကွက်ကြီးကြီး အမည်းရောင်ဆင်လေးနဲ့ စတိုင်ပန် ဘောင်းဘီရှည် အမည်းရှည် အမည်းရောင်နဲ့တွဲဝတ်ထားသည်။

နဂိုအသားဖြူတော့ လူရည်သန့်ရုပ်ထွက်နေတာပင်။

"ကို ပြီးပြီလား။ ချစ်တော့ ပြီးပြီ။"

"ညနေ(၆)နာရီဆိုတော့ အခုက ၅နာရီ ၅၅မိနစ်ဆိုတော့ အဆင်ပြေတယ် ချစ်ရဲ့။"

"ကိုတို့ သွားကြမလား။"

အိမ်ချင်းကပ်ရက်ဆိုတော့ ဘာမှ တကူးတက ကားယူနေစရာမလို

အိမ်ဘေးကပ်ရက် အပေါက်ကနေ တွန်းဖွင့်လိုက်ရုံပင်။

"Hi.....သူဇာ"

"Hi.....Emma"

""You are so sexy tonight."

"ကျေးဇူးနော် Emma။ သူဇာလည်း အလှမပြင်ဖြစ်တာကြာလို့ ပြင်ရင်း လက်လွန်သွားတာနဲ့တူပါတယ်"

"လာ...လာ...သူဇာ။ ကိုမျိုးလွင်နဲ့ ဝင့်ဝါတို့အတွဲကတော့ အစောကြီးရောက်နေပြီ။"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now