အပိုင်း(၂၇)

1.4K 3 0
                                    

သူဇာကိုယ်ပေါ်ရုံထားသော ညအိတ်ဝတ်စုံက ကြမ်းပြင်ပေါ်သို့ ပုံခနဲ့ကျသွားသည်။

သူဇာတစ်ကိုယ်လုံး မိမွေးတိုင်း ဖမွေးတိုင်းခန္ဓာကိုယ်နဲ့။

ရေချိုးပြီးစမလို့ တစ်ကိုယ်လုံးက စိုစိုအိအိနဲ့ မွှေးမွှေးကြိုင်ကြိုင်။

သူဇာ ကိုမျိုးလွင်ကို မျက်စောင်းထိုးလိုက်သည်။

"လုပ်ပြီ.....လူဆိုးကြီး"

သူဇာ ကိုမျိုးလွင်ကို ရန်ဖြစ်မအား။

အခန်းရှေ့တွင် ဝိတ်တာရောက်နေပြီမလား။

ပုံကျနေသော ဝတ်ရုံကို ကမန်းကတန်းလွှားကာ တံခါးကို သွားဖွင့်လိုက်သည်။

"မင်္ဂလာပါ ခဏက မှာထားတဲ့ စားစရာလာပို့ပေးတာပါ ခင်ဗျား"

ဝိတ်တာကောင်လေး မျက်လုံးက သူဇာ ခန္ဓာကိုယ်ပေါ် အကြည့်မခွာနိုင်ဘဲ ဖြစ်နေသည်။

သူဇာ ခပ်မြန်မြန်ဝတ်ထားရတော့ ရင်နှစ်မြွှာစလုံးက မလုံ့တလုံ့ဖြစ်နေသည်။

သူဇာ ဝိတ်တာ၏ အကြည့်ခပ်စူးစူးတွေကို သတိထားလိုက်မိသဖြင့် ဟနေသော ဝတ်စုံကို လက်ကလေးနဲ့ အသာစေ့လိုက်သည်။

"ဟုတ်ကဲ့ မောင်လေး ထားခဲ့လိုက်တော့ အစ်မတို့ ယူသွားလိုက်တော့မယ်"

သူဇာရဲ့ စကားသံကြားမှာ ဝိတ်တာ က အသိစိတ်ကပ်လာသည်။

"ဟုတ်ကဲ့ နောက်အလိုရှိရင်လည်း မှာနိုင်ပါတယ် ခင်ဗျား။ ကျေးဇူးပါခင်ဗျား"

"ဟုတ်ကဲ့ပါရှင်"

ဝိတ်တာထွက်သွားမှ သူဇာ သက်ပြင်းချရရှာသည်။

အထဲမှာ ထိုင်နေသည့် ကိုမျိုးလွင်ကတော့ အဖြစ်အပျက်အကုန်လုံးကို သိနေသဖြင့် ပြုံးတုံ့တုံ့လုပ်နေသည်။

သူဇာ လှလို့ တပါးသော ယောကျ်ားတွေ ကြည့်လေ သူပိုကျေနပ်ပီတိဖြစ်လေပင်။

တခြားသူတွေလို ဝန်တိုတာမျိုး သိပ်မဖြစ်မိ။

"ကဲ...မောင်....စားလို့ရပြီ"

"သူဇာက ကြက်ဥတွေ၊ နွားနို့တွေရောမှာထားပါလား မောင်တော့ အရမ်းတွေ အားရှိနေတော့မှာပဲ"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now