အပိုင်း(၁၅)

1.6K 3 0
                                    

အခန်းထဲရောက်တော့ နှစ်ယောက်သားအိမ်ကနေ သယ်လာခဲ့တဲ့ ဝိုင်ကိုဖောက်ကာ စကားစမြည်ပြောနေကြသည်။

"ပျော်ရဲ့လား သူဇာ ဒီနေ့"

"ပျော်တာပေါ့မောင် သူဇာ အခုလို စိတ်လွတ်လက်လွတ်မပျော်ရတာ ကြာပြီ"

"နယ်ပြောင်းလို့ အိမ်ပြောင်းပြီးကတည်းက ခရီးမထွက်ဖြစ်တာ အခုထိပဲ"

"ခု မောင်နဲ့အခုလိုသွားရတာ သိပ်ပျော်တာပဲ"

"ဒါဆိုမောင်က နယ်ပြောင်းလာစေတဲ့ကံကြမ္မာကိုကျေးဇူးတင်ရမှာပဲ"

"သူဇာနယ်ပြောင်းလာလို့သာ မောင်နဲ့သူဇာဆုံရတာလေ"

"မောင်တို့ အစကတည်းက အစောပြီးတွေ့ခဲ့ကြရင် ကောင်းမှာပဲ"

"အဲလိုစိတ်ညစ်စရာ စကားတွေမပြောပါနဲ့ မောင်ရဲ့"

"အခုလည်း သူဇာနဲ့မောင် ဆုံနေရတာပဲဟာ"

သူဇာ ကိုမျိုးလွင်ကို ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်း

"Emma မိတ်ဆက်ကတည်းက သူဇာ မောင့်ကို သတိထားမိတာ"

သူဇာစိတ်ထဲမှာလေ ဒီဘဲကြီး မိုက်လှချည်လားပေါ့"

"ဒါပေမဲ့ အဲတုန်းက သူဇာမောင့်ကို မချစ်မိသေးဘူးသိလား"

"သူဇာတို့ Emma အခန်းထဲ swinging လုပ်တဲ့ညမှလေ သူဇာမေယင့်ကို စွဲလန်းမိသွားတာ"

"မင်းထက်တောင် သူဇာကို အဲလိုကျေနပ်မှုတွေ မပေးဖူးဘူး"

ကိုမျိုးလွင် ကျေနပ်စွာ ပြုံးလိုက်သည်။

'မောင်လည်းလေ သူဇာကို Emma မိတ်ဆက်ပေးကတည်းက စိတ်ထဲမှာတော့ မှတ်မှတ်ရရရှိပေမဲ့လေ အိမ်ထောင်ရှိတယ်လို့ သိထားတော့ ဇာတ်ရှိန်သတ်လိုက်ရတာ အဲတုန်းက"

"ဒါပေမဲ့ မောင်တို့ swinging လုပ်တဲ့နေ့က သူဇာ အလှအပတွေအောက် မောင် ပျော်ဝင်မိသွားတာ"

"အခုထိ သူဇာ့အလှအောက် ရုန်းမထွက်နိုင်တဲ့ မောင့်ကိုသာကြည့်တော့"

"သူပိုပြီ"

"မပိုဘူး သူဇာ။ မောင်တကယ်ပြောတာ"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now