အပိုင်း(၂)

2.5K 10 0
                                    

မင်းထက်တို့ company က ပေးတဲ့ အိမ်က တကယ်တော့ဝန်ထမ်းတန်းလျားလို ပုံစံမျိုး။

အိမ်တွေကလုံးချင်းလေးတွေ၊ ဆင်တူတိုက်ပုံစံလေးတွေ။

မြို့ထဲမှာမဟုတ်ဘဲ မြို့စွန်နည်းနည်းကျတယ်။

ဒါပေမဲ့ မြို့ထဲကို ဆိုင်ကယ်၊ ကားနဲ့သွားရင် ၃မိနစ်လောက်ဆို ရောက်ပြီ။

မြန်မာထုံးစံအတိုင်း အိမ်သစ်တက်ပွဲလုပ်တော့ ဘေးအိမ်တွေဖိတ်တော့မှ အိမ်နီးနားချင်းက ဗမာတွေပါသလို နိုင်ငံခြားသားတွေပါမှန်းသိတာ။

မင်းထက်တို့ အိမ်နဲ့ကပ်လျက်အိမ်က နိုင်ငံခြားသားအတွဲ။

ယောကျ်ားက US က လာတာဖြစ်ပြီး နာမည်က "John" လို့ခေါ်တယ်။

John က နိုင်ငံခြားသားဆိုတော့ အရပ်၆ပေကျော်ကျော်၊ ဒေါင်ကောင်းကောင်းနဲ့။

မိန်းမနာမည်က "Emma" တဲ့။

Mexico က လာတာဖြစ်ပြီးJohnနဲ့ US မှာတွေ့ကြ၊ ကြိုက်ကြတာ။

Emma က လက်တင်အမေရိကကလာတာဆိုတော့ အသားညိုညို၊ ဆံပင်အနက်ရောင်နဲ့ လုံးကြီးပေါက်လှ။

John က NGO မှာလုပ်တော့ မြန်မာပြည်ကို transfer နဲ့လာတာ။

John ပြောင်းတော့ Emma ပါ လိုက်လာခဲ့တော့တာ။

ကလေးတယောက်ရှိပေမဲ့ ကလေးကို Emmaအမေဆီပဲအပ်ခဲ့တယ်။

မြန်မာပြည်ရောက်နေတာ ၃နှစ်နီးပါးရှိတော့လေ ဗမာစကား မတောက်တခေါက်ပြောတတ်နေကြပြီ။

"အုန်းနို့ခေါက်ဆွဲချက်ထားတယ်။ စားတတ်ပါမလားပဲ။"

"ရတယ် သူဇာရေ။ ကျမတို့က ဗမာအစားအစာတွေ တော်တော်စားတတ် ကြိုက်တတ်နေပြီ။"

"စားနော် စား။ အားမနာနဲ။"

အိမ်တက်ပွဲကစပြီး John တို့အတွဲနဲ့ မင်းထက် တို့အတွဲက တော်တော်ရင်းနှီးသွားကြတာ။

တကယ်တော့ John တို့အတွဲက Open marriage ကို ကျင့်သုံးနေတာ။

နှစ်ယောက်စလုံး လက်ထပ်ထားကြပေမဲ့ ရည်းစားအသစ်ထပ်ထားလို့ရသလို၊တခါတလေကျ Swinging လုပ်ကြသေးတာ။

ဒီနယ်မြို့ကို ရောက်တာ၃နှစ်ရှိတော့ တခါတလေကျ ကိုယ်နဲ့ သိတဲ့၊ Privacy မပေါက်တဲ့ စုံတွဲအချို့နဲ့ နှစ်ယောက်သား swinging လုပ်ကြသေးတာ။

မင်းထက်တို့အတွဲကတော့ ဒါတွေမသိရေးချ မသိ။

အရမ်းကို ခင်မင်ရင်းနှီးသွားပြီး အချိန်၆လလောက်ကြာတော့

"သူဇာ။ နင်တို့အိမ်ထောင်ရေး အဆင်ပြေလား။"

"အဆင်ပြေပါတယ် Emmaရဲ့။ ဘာလို့လဲဟင်။"

"မသိပါဘူး။ ကြည့်ရတာ အရမ်းကြီး စိတ်လှုပ်ရှားတဲ့ပုံမပေါက်ကြတော့ဘူးနော် နှစ်ယောက်သားက။"

"ဪ အတွဲတွေကဒီလိုပဲမဟုတ်လား Emma။ အခုလက်ထပ်ထားတာ ၂နှစ်ကျော်ပြီဆိုတော့ ရိုးသလိုဖြစ်နေတာပေါ့။ ဒါပေမဲ့ တို့က ကို့ကို ချစ်တုန်းပဲလေ။"

"တို့အတွဲကတော့ အမြဲတမ်း Excited နော် သူဇာ။ အခုဆို ၃နှစ်ကျော် ၄နှစ်ထဲဝင်လာပြီ။ အမြဲချစ်ကြတုန်းပဲ။"

Emma က ဒီလိုပြောတော့ သူဇာတွေခနဲ့ဖြစ်သွားပြီ။

ပြန်စဉ်းစားကြည့်တော့ ဟုတ်တော့ ဟုတ်သား။ ကိုနဲ့ တပတ်တခါတောင် အတူတူမနေဖြစ်တော့ဘူးပဲ။

"ပြောပါအုံး။ ဘာနည်းလမ်းတွေရှိလို့လဲ Emma"

"ဒီမှာ သူဇာ။ အတွဲဆိုတာ ကြာလာရင် ရိုးလာတာပဲလေ။ မရိုးအောင် အပြင်စာစားပေးရတယ်မလား။

ဒီတော့ကိုယ်တို့က တခါတလေက Swingers လုပ်ကြတာ။"

သူဇာကြောင်သွားသည်။

သူဇာသည် ခေတ်မီသော အမျိုးသမီးဖြစ်ပေမဲ့ ဒါမျိုးလက်တွေ့မှာ ကျင့်သုံးသူရှိမှန်း ကိုယ်တိုင်လက်တွေ့ မကြုံဖူးဘူး။

"ကိုယ်တို့ ယုံလို့ရတဲ့ Swingers group တွေရှိတယ်ကွာ။ ဒီမြို့မှာလည်း ရှိတယ်။ အကုန်လုံးက လူရိုသေ ရှင်ရိုသေအလုပ်တွေရှိကြတော့ privacy က ဦးစားပေးပေါ့လေ။"

"ဟုတ်လား Emma"

"ကိုယ့်ယောကျ်ားက ကိုယ်ဘေးမှာ တခြားအမျိုးသမီးနဲ့ လိင်ဆက်ဆံနေတာ။ ကိုယ်ကလည်း သူ့ဘေးမှာ တခြားအမျိုးသားတယောက်နဲ့ ဆက်ဆံနေတာ။ တွေးကြည့်ရင်းတောင် ပြန်လုပ်ချင်လာပြီ။ သူဇာရော Swinger လုပ်ဖူးလား။"

"ဟင့်အင်း.... Emma"

သူဇာ Emma ပြောတာ နားထောင်ရင်း ပါးတွေပူ၊ နားတွေနီလာသည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now