Vol 4🐉17🐉ပြန်လည်စတင်ခြင်း

52 16 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)

Chapter (17)
ပြန်လည်စတင်ခြင်း

ဦးလေးသုံးက ဒီအထိပြောတဲ့အခါ သူသိသမျှ နဂါးသွေးကြော အဝင်အထွက်တွေ အကြောင်း ပြောပြသည်။ ပြောပြီးနောက် နှစ်ယောက်စလုံး သက်ပြင်းချလိုက်သည်။ ဦးလေးသုံးသည်လည်း စိတ်ပူပင်မှု ကင်းသွားသလို စိတ်အေးလက်အေး ဖြစ်သွား၏။

နှစ်ယောက်စလုံး ငြိမ်သွားပြီး ဦးလေးသုံးက ရေချိုးခန်းသုံးဖို့ ထွက်သွားတော့ ဝူရှဲ့ မျက်လုံးကိုမှိတ်ပြီး အစအဆုံး ပြော​ပြခဲ့တာတွေကို ပြန်စဥ်းစာကြည့်လိုက်မိသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် အရာများကို ရှင်းလင်းပြတ်သားစွာ ခွဲထုတ်နိုင်ခဲ့သည်။

အလုံးစုံ 100% ရှင်းရှင်းလင်းလင်း ဖြစ်သွားတာ မဟုတ်သော်လည်း ချိုသဲ့ခေါင်နှင့် ဦးလေးသုံးတို့ကြားက အကြောင်းရင်းနှင့် နောက်ဆက်တွဲအများစုမှာ ရှင်းရှင်းလင်းလင်း ဖြစ်လာ​ပြီ ဖြစ်သည်။ သူ မသိသောအရာမှာ နှစ်ခု သို့မဟုတ် သုံးခုသာ ရှိ​တော့သည်။

ဦးလေးသုံး အနေနဲ့ကတော့ ပင်လယ်​ရေအောက် ဂူသင်္ချိုင်းက အတွေ့အကြုံဟာ အိပ်မက်ဆိုးရဲ့ အစဖြစ်ပြီး မြေအောက်လောကသား အဖြစ် တဖြည်းဖြည်း ရင့်ကျက်လာဖို့အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်လာခဲ့လေ၏။ ရှေးဟောင်း သင်္ချိုင်းတွင်း၌ ပျောက်ကွယ်သွားသော ရှေးဟောင်း သုတေသနအဖွဲ့ကို ရှာဖွေရန်အတွက် သူသည် သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံထားခဲ့သည်ဟု ဆိုနိုင်သည်။ သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံထားတဲ့ ငွေနဲ့ အချိန်ကို ထည့်​ပြောနေစရာပင် မလိုတော့ပေ။

တိမ်ထိပ် ကောင်းကင်နန်းတော်မှာလည်း အားနင်နဲ့ တခြားသူတွေရဲ့ ရောက်ရှိလာမှုကို နှောင့်နှေးစေဖို့အတွက် သူ့အသက် မွေးဝမ်းကြောင်း အလုပ်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ရသည်။ ချောင်ရှားမှာရှိတဲ့ ကောင်လေးတွေ အားလုံးလည်း လူစုခွဲလိုက်ကြ​ပြီ။  ဦးလေးသုံးသည် အိမ်တော်ကြီး ၉ခုရဲ့ သားစဉ်မြေးဆက်များထဲမှ အကောင်းဆုံး တစ်ဦးဟု ဆိုသင့်သော်လည်း ယခုအခါ အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now