Vol 4🐉48🐉ပထမဆုံးမိုး

49 13 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (48)
ပထမဆုံးမိုး

အဲဒီအချိန်မှာ သူသေရတော့မယ်လို့ ယောင်ဝါးဝါး ထင်လိုက်ပြီး သူ့ရဲ့ကံကြမ္မာကို သူ့နှလုံးသားထဲကနေ သေခြင်းတရားရဲ့ ခံစားချက်က မဆိုးပါဘူးလို့ ပြောလိုက်သည်။ အသိစိတ်က ဘယ်လောက်ကြာကြာ ရှုပ်ယှက်ခတ်နေမှန်း မသိတော့ဘဲ ခံစားချက်က လက်ရှိကမ္ဘာနဲ့ တဖြေးဖြေးနဲ့ ဝေးကွာသွားသလို ခံစားလိုက်ရသည်။

နောက်တော့ အသိစိတ်က ပြန်လည် နိုးထလာပြီး တဖြည်းဖြည်းနဲ့ သတိပြန်ရလာ၏။ အစပိုင်းမှာတော့ အသိစိတ်က သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်နေပြီလို့ ရီဝေဝေ ဝါးတားတား ခံစားနေရကာ နောက်ပိုင်းမှသာ အသိစိတ်တွေ ကြည်လင်လာပြီး ပတ်ဝန်းကျင်ကို တဖြည်းဖြည်း သိလာသည်။

ပထမဆုံး ခံစားလိုက်ရတာက မိစ္ဆာမြို့တော်မှာ လမ်းလျှောက်ရင်း စိတ်ကျဝေဒနာနဲ့ တိမ်တွေက သူ့ကို ရေချိုးကန်ထဲမှာ နှစ်မြုပ်ထားသလိုမျိုး အရမ်းအေးတာကို ခံစားရတယ် ဆိုတာပါပဲ။

နောက်တော့ နှုတ်ခမ်းကွဲတဲ့ ခံစားချက်က ပါးစပ်ထဲကို အေးစက်သွားသလို ခံစားရသည်။  လျှာလေးတစ်ချက် သပ်ကြည့်၏။ နောက်တစ်ချက်၊ နောက်တစ်ချက်၊ နောက်တစ်ချက် သပ်လိုက်တော့ တကယ် ရေ ဖြစ်နေတာကို တွေ့လိုက်ရသည်။

တစ်ယောက်ယောက်က သူ့ကို ကယ်နေတာလား။ နှလုံးသားက ရွှင်လန်းမှုအပြည့်နဲ့ ဝူရှဲ့သည် သူ့ခန္ဓာကိုယ်က တုံ့ပြန်ပြီးသား ဖြစ်နေပြီ။ သူ့ရဲ့နှုတ်ခမ်းတွေကို အားအင်အပြည့်နဲ့ ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေ အေးစက်သွားသလို ခံစားလိုက်ရသည်။

ရေသောက်ပြီးတာနဲ့ သတိလစ်ပြီး ပြန်အိပ်ပျော်သွားတော့ ရင်းနှီးတဲ့ အသံတချို့ကို ကြားလိုက်သယောင်ပါပဲ။ ရှင်းရှင်းလင်းလင်း မကြားနိုင်တော့တဲ့အထိ သတိပြန်မရတော့ဘဲ ခဏအတွင်း ပြန်အိပ်ပျော်သွားသည်။

ပြန်နိုးလာတော့ အချိန်အကြာကြီး အိပ်ပျော်သွားသလို ခံစားလိုက်ရရာ အကြားအာရုံတွေ၊ အထိအတွေ့၊ ခွန်အားတွေ ပြန်လည်ရရှိလာပြီး အသိစိတ်တွေ ပိုကြည်လင်လာခဲ့ပါသည်။ ပထမဆုံး မျက်လုံးဖွင့်လိုက်တာနဲ့ ဖမ်းမိတာက မျက်နှာကြီးကြီး တစ်ခုပင်။ ကြမ်းတမ်းတဲ့ မျက်နှာက အရမ်းရင်းနှီးပြီး သူ့အား ပြုံး​ပြနေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now