Vol 4🐉34🐉အမှောင်ထု

47 16 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (34)
အမှောင်ထု

ဤ "လူ" သည် ထူးဆန်းသော ရုပ်ပုံမျိုးရှိသည်။ မီးခြစ်ဆီက အလင်းရောင်သည် အလွန်မှိန်နေသဖြင့် မီးခိုးရောင် ကောက်ကြောင်းကိုသာ လင်းထိန်စေပြီး တစ်ဖက်လူရဲ့ အသွင်အပြင်မှာ မပြည့်စုံသော်လည်း ၎င်း၏လည်ပင်းသည် အနည်းငယ် ထူးဆန်းနေတာကိုတော့ မြင်နေရဆဲ ဖြစ်သည်။ ထိုလူသည် မတ်တပ်မရပ်ဘဲတောင် မိမိအား သူ့မျက်နှာရှေ့မှာ ကပ်ထားသလို ခံစားရစေသည်။

၎င်းဟာ အခုနက သူထိုင်နေခဲ့တဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ သွယ်လျတဲ့ လက်နှစ်ချောင်းက သူ့ခေါင်းကို လှည့်ပတ်ပြီး ထူးဆန်းတဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားနေ၏။ ထိုလူက ဆံပင်တွေကို ဖြီးနေတာမှန်း မသိခင်အထိ ဝူရှဲ့ ခဏလောက် အံ့အားသင့်သွားသည်။ အဲဒီနောက် ချက်ချင်းပဲ တစ်ကိုယ်လုံး အေးစက်လာပြီး ခန္ဓာကိုယ်ပေါ်က ချွေးပေါက်တွေ ယားယံလာတော့သည်။

ဆယ်နှစ်ကျော်ကြာ စွန့်ပစ်ထားတဲ့ မြေအောက်ခန်းရဲ့ အမှောင်ထဲမှာ ဆံပင်ဖြီးနေတဲ့ လူတစ်ယောက်ကို သူ ရုတ်တရက် တွေ့လိုက်ရတယ်တဲ့လေ။

အေးစက်စက် ချွေးတွေ ရုတ်ချည်း စီးကျလာပြီး ဒီလူက ဘယ်သူလဲလို့ တွေးမိလာသည်။ ဘယ်တုန်းက ပေါ်လာတာလဲ။ သူ မှတ်စုစာအုပ်ကို ရှာတွေ့ချိန်ကနေ ထိုင်ဖတ်ချိန်အထိ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတာကို ဘာလို့သတိ မထားမိတာလဲ။ ဒါက စွန့်ပစ်ထားတဲ့ အဆောက်အဦးရဲ့ လျှို့ဝှက်မြေအောက်ခန်းပါ။ ဒီမှာ တခြားတစ်ယောက်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

ဒီထူးဆန်းတဲ့ လုပ်ရပ်နဲ့ အတူ ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ဟော့လင် သူ့ဆံပင်တွေကို ဖြီးရင်ကြည့်တတ်တဲ့ မှန်ကို ကြည့်ရင်း လုပ်နေတာကြောင့် ဟော့လင်က တခြားသူတွေနဲ့ လိုက်မသွားဘူးလားဟု တွေးနေမိလာသည်။ ဒီ "လူ" က ဟော့လင်လား။

အေးစက်နေတဲ့ ချွေးတွေက ရေတံခွန်လို ကျဆင်းလာခဲ့သည်။ ကံကောင်းထောက်မစွာပဲ သူ့အာရုံကြောတွေက အရင်ကလို ထုံထိုင်းမနေတော့ချေ။ သူ့ရှေ့က ဖြစ်ပျက်နေတာကို နားမလည်နိုင်ပေမယ့် ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်နေတုန်းပဲ။ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်ကာ သတိအပြည့်ဖြင့် တစ်ဖက်လူကို မျက်စိ​ဒေါက်​ထောက် ကြည့်နေလိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now