Vol 4🐉29🐉 306

55 17 4
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (29)
306

ကားပေါ်ကဆင်းပြီး ငွေပေးချေလိုက်သည်။ တံခါးက မှုန်ဝါးနေတဲ့ အိမ်နံပါတ်ကို စစ်ကြည့်လိုက်တော့ စာရွက်ပေါ်က လိပ်စာက အမှန်ပဲ။ စိတ်ထဲမှာ နည်းနည်း ကသိကအောင့်​ ဖြစ်နေကာ ရင်ဘတ်ထဲ၌ အမွေးအမှင်တွေ ရှိနေသလို ခံစားလာရသည်။ ငယ်ငယ်တုန်းက မကြာခဏ စူးစမ်းလေ့လာခဲ့တဲ့ လူမနေတဲ့ သရဲတစ္ဆေ အဆောက်အဦမျိုးလားလို့ ကိုယ့်ဘာသာကို တွေးမိပြီး ဒီလိုနေရာကို ဘယ်သူက ဘယ်လိုများ လာခွင့်မပေးတာလဲ။ အထဲမှာ နေထိုင်သူ တစ်ယောက်များရှိလားဟု တွေးမိသည်။

ကားသမားက သူပေးခဲ့တဲ့ ပိုက်ဆံကို ရေတွက်နေတုန်းပဲ။ ဒါနဲ့ ဟိုဘက်ဒီဘက် လှည့်ပြီး ဒီမှာနေတာ ဘယ်သူရှိလဲလို့ မေးလိုက်သည်။ ကားဆရာက ခေါင်းခါပြပြီး သူမသိဘူးလို့ ပြောပါ၏။ ကောအာမုသည် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် နိုင်ငံ့ခေါင်းဆောင်များ မကြာခဏ လာရောက်လေ့ ရှိသော စစ်ဘက်မြို့ ဖြစ်သည်။ ဤဆေးရုံသည် ထိုအချိန်က ခေါင်းဆောင်များ အတွက် ဖြစ်သည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာတော့ ဖျက်သိမ်းခဲ့လေသည်။

ဒီနေရာကို ပြဇာတ်ရုံအဖြစ် ပြောင်းထားတော့ သူလည်း ဒီကို လာခဲ့ဖူးသည်။ အဲဒီတုန်းကလည်း ဒီမှာ နေရာအနည်းငယ်ပဲ ရှိတော့သည်။ ဝူရှဲ့ကို သူနဲ့တွေ့သွားတာ ကံကောင်းတယ်လို့ ဆိုသည်။ မြောက်ဘက်က တခြားသုံးဘီးဆိုင်ကယ် ယာဉ်မောင်းတွေက ဒီနေရာကို မလာတတ်တာကြောင့် ရှာတွေ့မှာ မဟုတ်ပေ။

ဝူရှဲ့ ယုံတစ်ဝက်နဲ့ ယုံ​ပေးလိုက်သည်။ ကားဆရာ ထွက်သွားပြီး နောက်တော့ လမ်းပေါ်မှာ သူတစ်ယောက်တည်းပဲ ကျန်တော့တယ်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ မည်းမှောင်နေပြီ။ အဆောက်အဦရှေ့က လမ်းမီးမှိန်မှိန်လေးပဲ ရှိရာ နည်းနည်းတော့ ကြောက်ပေမယ့် တစ်ယောက်တည်း ငြိမ်ငြိမ်လေး နေလိုက်သည်။ ရှေးဟောင်း ဂူသင်္ချိုင်းတွေထဲကိုတောင် ညသန်းခေါင်မှာ ရောက်ဖူးခဲ့တာ ဒီအိမ်အိုကြီးမှာ ဘာကြောက်စရာရှိမှာလဲ။ သို့နှင့် ခြံတံခါးကို ချက်ချင်း တွန်းဖွင့်လိုက်​တော့သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now