Vol 5🐉42🐉တတိယည - ခိုလုံရာ

26 12 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (42)
တတိယည - ခိုလုံရာ

ဝူရှဲ့သည် ခရီးရှည်ကြီးကနေ ပြေးထွက်လာခဲ့ရတာကြောင့် မောပန်းနွမ်းနယ်နေရာ သူ့​ရှေ့က အခြေအနေကို မြင်လိုက်ရတော့ နည်းနည်းလေးတောင် မတုံ့ပြန်နိုင်တော့ပေ။

ဒါပေမဲ့ သူ့ရဲ့ အသွင်အပြင်ကို အနီးနားက လူတွေက မြင်တော့ အားလုံးက ရယ်မောလိုက်ကြသည်။ လူနှစ်ယောက်က အလောင်းနှစ်လောင်းကို မြှောက်ယူလိုက်တော့မှ အဲဒီသေနေတဲ့ နှစ်ယောက်က ရေငုပ်ဝတ်စုံထဲ ထည့်ထားတဲ့ အရုပ်လေးတွေ ဆိုတာ သိလိုက်ရ၏။

သူတို့ရဲ့ ဦးခေါင်းက ဖောင်းနေသော အနက်ရောင် ရေစိုခံအိတ် နှစ်လုံးဖြစ်ကာ ၎င်းတို့ပေါ်တွင် ပီကေအပြား နှစ်ချပ်ကို ကပ်ထားလိုက်တာကြောင့် မျက်လုံး၂လုံးလို ဖြစ်သွားသည်။ ဓာတ်ငွေ့ မျက်နှာဖုံးများ၏ မှန်ဘီလူးများက မှုန်ဝါးသွားသောကြောင့် ပထမတစ်ချက် အကြည့်၌ လူအစစ်ဟု ထင်သွားစေသည်။

ဝူရှဲ့လည်း သူ့ဘာသာသူ ရယ်မောလိုက်မိသည်။ အဲဒီအခိုက်အတန့်မှာ အရုပ်မကို ကူညီပေးတဲ့သူက ကျောက်တံခါးဘက်ကို အရုပ်တွေ ရွှေ့ခိုင်းလိုက်တာကို မြင်တော့ ဘာလုပ်တာလဲလို့ မေးလိုက်သည်။

ထိုအခါ လူတစ်​​ယောက်​က ပြောပြပါ၏။

"ဒါက ​မြွေ​တွေ​ကို ခြောက်ဖို့ လုပ်ထားတာ... ဒီ​မြွေ​တွေက ဉာဏ်​ရည်ထက်​မြက်​တယ်​ လူနည်းနည်းပဲ ရှိနေတယ် ဆိုရင် သူတို့က ထွက်လာပြီး လှုပ်ရှားလိမ့်မယ်... ဒါ​ကြောင့်​ ငါတို့က လူ​တွေကို စခန်းမှာ စောင့်ကြည့်​ဖို့ မ​ချန်ထားရဲတော့ဘူး... ဒါပေမဲ့ လူအတု လူအစစ်တွေကြားက ခြားနားချက်ကို မပြောနိုင်ပုံပဲ... အရုပ်ကို ကျောက်တံခါးမှာ ပိတ်ဆို့ထားလို့ရှိရင် ညဘက်မှာ ပိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တယ်..."

ထိုလူ၏ စကားသံကို နားထောင်ရင်း ဤမြွေမျိုးသည် သူတို့အား ပြင်းထန်စွာ ထိခိုက်​စေခဲ့ကြောင်း သိသာထင်ရှားသွားသည်။ ထိုစဥ် တစ်စုံတစ်ဦးသည် အဝါရောင် မီးခိုးဗုံးကို ထုတ်ယူ၍ မီးထဲသို့ ပစ်ချလိုက်ရာ ရုတ်တရက် မီးခိုးများ ထူထပ်လာသည်။ ထို့နောက် အကိုင်းအခက်ကို ပက်၍ ရိုက်ကြည့်နေကြသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now