Vol 4 End🐉67🐉မြွေရဲ့ကြံစည်မှု

62 14 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) End
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (67)
မြွေရဲ့ကြံစည်မှု

မျက်နှာသေရဲ့ စကားကို နားထောင်ပြီးတဲ့ နောက် ခြေရာတွေအတိုင်း လိုက်ကြည့်လိုက်ရာ ဒါအမှန်ပဲဆိုတာ သိလိုက်ရသည်။ ဖန့်ကျစ်က ချက်ချင်းပင် သူ့သေနတ်တိုကို ကောက်ကိုင်လိုက်ပြီး အားနင်၏ ခန္ဓာကိုယ်ကို ချိန်ရွယ်ထားလိုက်သည်။

ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်နှင့် တစ်ဖက်မှ မျက်နှာသေသည့ အားနင်ရဲ့ ခန္ဓာကိုယ်ပေါ် ထွန်းတောက်စေရန် မိုင်းတွင်းမီးခွက်ကို ကိုင်ထားကာ ဝူရှဲ့ကတော့ ဖက်တီးကို ချက်ချင်း နှိုးရန် လုပ်နေ၏။

အရင်က အသက်နဲ့အသေခံ တိုက်ပွဲကို ကြုံခဲ့ဖူးပြီး အားနင်ကလည်း ရုတ်တရက် သေသွားတာကြောင့် ဝူရှဲ့ရဲ့ အာရုံကြောတွေ မခံနိုင်တော့ချေ။ မိနစ်အနည်းငယ် ကြာအောင် ငြိမ်သက်သွားပြီးနောက် အာရုံကြောများ တင်းမာလာကာ စိတ်ဓာတ် ကျလာသော်လည်း မကြောက်တော့ဘဲ ဖက်တီးဆီမှ ဓားမြှောင်ကို အရင်ထုတ်ကာ ပါးကို ရိုက်လိုက်သည်။ အကြိမ်အနည်းငယ် ရိုက်လိုက်ပေမယ့် ဖက်တီးက မနိုးလာသေးချေ။

ဖက်တီး အတော်လေးကို အိပ်ပျော်နေသည်။ ဝူရှဲ့ ​သူ့ကို ကြိမ်ဖန်များစွာ ပါးရိုက်လိုက်ပေမယ့် သူက မျက်ခုံးနည်းနည်းသာ လှုပ်လာကာ မနိုးဘူး။ ဒါပေမဲ့ ဝူရှဲ့မှာ သူ့ကိုရိုက်လိုက်တာနဲ့ သူ့မျက်နှာတစ်ခုလုံး ချွေးတွေ ထွက်နေတာကို ခံစားလိုက်ရသည်။

ဖျားနာနေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။  သို့သော်လည်း ဖက်တီးရဲ့ နဖူးကို ထိလိုက်သောအခါ အပူချိန်မြင့်​နေတာကို မခံစားရပေ။ ဝူရှဲ့ ဒေါသထွက်လာကာ သူ့ကို ပြင်းပြင်းထန်ထန် လည်ပင်း ညှစ်တော့မယ့် အချိန်မှာ ဖက်တီး လဲလျောင်းနေတဲ့ အစွန်းမှာ ရွှံ့နွံအစင်းသေးသေးလေးတွေကို ရုတ်တရက် တွေ့လိုက်ရ၏။ ပြီးတော့ အဲဒါက အားနင်ပတ်၀န်းကျင်က အရာတွေထက် များပြားပြီး ရှုပ်ပွနေသည်။

မယုံနိုင်လောက်အောင် အံ့သြသွားတာကြောင့် အမြန်ထရပ်ပြီး ဖန့်ကျစ်ကို ခေါ်ကာ နောက်ပြန်ဆုတ်လိုက်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now