Vol 4🐉44🐉သဲပင်လယ်ထဲက သင်္ဘောပျက်

46 15 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (44)
သဲပင်လယ်ထဲက သင်္ဘောပျက်

မီးတောက် ထွက်သွားတဲ့ စက္ကန့်ပေါင်းများစွာ အတွင်းမှာ ဝူရှဲ့တို့အားလုံး အံ့ဩသွားကြသည်။  လူတိုင်းသည် ထိုကြီးမားသော အရာ​​ကြီးကို ကြည့်ပြီး စိတ်ထဲက သတိတွေ လွတ်သွားကြသည်။ မီးတောက် မ​ငြိမ်းမချင်း မတုံ့ပြန်နိုင်ခဲ့ကြ။ ထို့နောက် ဓာတ်မီးများအားလုံး ထိုလမ်းကြောင်းအတိုင်း ထွန်းတောက်လိုက်ကြသည်။

အစိတ်စိတ် အမွှာမွှာ ဖြာထွက်နေသော အလင်းရောင်သည် ထို​အရာ၏ရုပ်ပုံ အပြည့်အစုံကို အလင်းမပြနိုင်ဘဲ ထိုနေရာတွင် တစ်ခုခုရှိနေသည်ကိုသာ သိနိုင်သော်လည်း ၎င်းမှာ မှုန်​ဝေဝါးနေသည်။ အကယ်၍ မီးတောက်ရဲ့ အကူအညီကို မရခဲ့ပါက ဓာတ်မီးဖြင့် ထိုးကြည့်ရုံနဲ့ ထိုထူးဆန်းသော အရာကို သတိပြုမိမည် မဟုတ်ပါ။ သူတို့ရှိနေတဲ့ အောက်ခြေကနေ အပေါ်ကနေ ကြည့်တဲ့အခါမှာတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။

"အဲ​ဒါက ဘာ​ကြီးလဲ?"

ကျားရှီး အော်မေးလိုက်သည်။

အဲဒါက ဘာလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဝူရှဲ့ကတော့ ထိုအရာဟာ ရှေးဟောင်းသစ်သား ပစ္စည်းတွေရဲ့ အကြွင်းအကျန်တွေလို့ပဲ ဆိုတာတော့သေချာ ပြောနိုင်ပါသည်။ ဘာလဲဆိုတာ တိတိကျကျတော့ မသိ။ ပထမတစ်ချက် ကြည့်လိုက်တော့ ကြီးမားတဲ့ ခေါင်းတလားတစ်ခုလို ထင်ရပေမယ့် အနီးကပ်စစ်ဆေးတဲ့အခါ ပုံသဏ္ဍာန်က မှားယွင်းနေပြီး အဆောက်အအုံရဲ့ အကြွင်းအကျန် ဖြစ်နေပုံရလေသည်။

ဒါပေမဲ့ ဒီလို ထူးထူးခြားခြား ပုံသဏ္ဌာန်ရှိတဲ့ အဆောက်အဦးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။

"တက်ပြီး ကြည့်လိုက်ရအောင်!"

သူတို့ထဲက ဘယ်သူက ပြောလိုက်တယ်မသိ တချို့က တောင်စောင်းကို တက်ချင်ပေမယ့် ဝူရှဲ့ သူတို့ကို အမြန်ရပ်ခိုင်းလိုက်ပြီး။

"လျှောက်မလုပ်နဲ့... စိတ်အေးအေးထား... ဒါက အရမ်းမြင့်တဲ့ တောင်ကုန်းတစ်ခု... တောင်တက်ရုံနဲ့ တက်လို့ရတဲ့ အရာတော့ မဟုတ်ဘူး မတော်တဆမှုထက် ပိုရင် ကြောက်စရာ ကောင်းလိမ့်မယ်”

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now