Vol 5🐉22🐉ဒုတိယည - မျက်မမြင်

40 11 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (22)
ဒုတိယည - မျက်မမြင်

ဖက်တီးရဲ့ လုပ်ရပ်ကြောင့် ဝူရှဲ့ပါ အံ့ဩသွားပြီး သူလုပ်ချင်တာကို နားလည်ဖို့ စက္ကန့်အနည်းငယ် ကြာသွားခဲ့သည်။

မျက်နှာသေသည် သူတို့၏မျက်နှာများကို စစ်ဆေးခဲ့သော်လည်း သူ့မျက်နှာကို မစစ်ဆေးခဲ့ရသေးပေ။ ဖက်တီးသည် ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာဂိမ်းကို ကစားမည်ကို ကြောက်သဖြင့် မျက်နှာသေ၏ မျက်နှာတွင် လူသားအရေခွံပါသော မျက်နှာဖုံးရှိမရှိကို သိလိုခဲ့သည်။

မျက်နှာသေက လုံးဝ မလှုပ်ပါဘူး။ အဲဒီမှာပဲ ထိုင်ပြီး ဖက်တီးကို တစ်ချက် ကြည့်လိုက်လေသည်။ ဖက်တီးမှာ အဆင်မပြေတဲ့ အပြုံးနဲ့ ပြုံးပြလိုက်သည်။

“အစ်ကိုလေး မင်းလည်း လေးယောက်ထဲက တစ်ယောက်ပဲလေ...သတိထားမှုက အသက်တစ်သောင်း တိုးစေတယ်တဲ့"

မျက်နှာသေက ရေသောက်လိုက်ပြီး ဒေါသမထွက်ဘဲ ဖက်တီးအား "မင်း ခိုးဝင်တိုက်ခိုက်ဖို့ မလိုဘူး" လို့ ပြောလိုက်ပါ၏။

ဖက်တီးက ဒေါသတကြီးနဲ့ "ဘယ်သူကခိုးဝင် တိုက်ခိုက်တာလဲ... ငါနည်းနည်း လက်မြန်လိုက်ရုံပဲကို"

ဝူရှဲ့ကတော့ ဖက်တီးရဲ့ အပြုအမူကို ကျင့်သားရနေပြီမလို့ ကူကယ်ရာမဲ့သာ ပြုံးလိုက်သည်။ ဖက်တီးက သူ့နေရာမှာ ပြန်ထိုင်လိုက်ရင်း တော်တော်လည်း ရှက်သွားပုံရပြီး အကြောင်းအရာကို ပြောင်းလိုက်လေသည်။

"ငါတို့လေးယောက်က အပြစ်မရှိဘူး ဆိုတာကို သက်သေပြနိုင်ပြီ... အခု အဓိပ္ပာယ်မှာ 'အဲဒါ' ဆိုတာက သူ့ရဲ့ပကတိ အဓိပ္ပာယ်နဲ့ ငါတို့တွေးနေတာက ကွဲလွဲနေနိုင်တယ်... အဲဒါက သက်ရှိအရာ မဟုတ်လောက်ဘူး..."

"ဘယ်လိုပြောတာလဲ?" ဝူရှဲ့ မေးလိုက်သည်။

"အဲဒါ ဆိုတာက တိရိစ္ဆာန်တွေကို ခေါ်နိုင်တဲ့အပြင် အရာဝတ္ထုလို့လည်း ခေါ်နိုင်တယ်လေ... ဝမ်းကျင် ရှောင်နေတာက အရာဝတ္ထုတစ်ခု ဖြစ်နိုင်တယ်"

ဖက်တီးမှာ အမြဲတမ်း စွဲလန်းမှုတွေ ရှိတတ်ပေမယ့် နည်းနည်းတော့ စိတ်မချရတာမျိုး မဟုတ်ပေ။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now