Vol 5🐉1🐉လိုက်ခြင်း

63 15 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (1)
လိုက်ခြင်း

ထိုအချိန်တုန်းက သူတို့အား စူးစိုက်ကြည့်နေခဲ့သူသည် ချန်ဝမ်ကျင်းဖြစ်ကြောင်း သူဘယ်လိုလုပ် အတပ် ပြောနိုင်ခဲ့တာလဲ ဝူရှဲ့ မသိလိုက်ချေ။ ဝူရှဲ့ ကြည့်လိုက်ရာ ထိုလူ၏ မျက်နှာသည် ရွှံ့များဖြင့် ဖုံးလွှမ်းထားတာကိုသာ မြင်လိုက်ရသည်။ သို့သော် အဲဒီအချိန်မှာတော့ ဝူရှဲ့မှာ သိပ်စဉ်းစားဖို့ အချိန်မရှိချေ။ ဖန့်ကျစ်က ကူညီ​ပေးဖို့ အော်ပြောလိုက်ကာ လူများစွာသည် ချက်ချင်းပင် မျက်နှာသေ နောက်ကိုလိုက်ကာ ရေထဲသို့ ပြေးဆင်းသွားကြသည်။

အပြေးအလွှား ဆင်းပြီး ခြေလှမ်းအနည်းငယ် ကြာတော့ ရွှံ့နွံအောက်ခြေအထိ နစ်သွားလေသည်။ ဝူရှဲ့မှာ ဖိနပ်မစီးထားရသေးချေ။ ခြေထောက်ကို ချလိုက်တာနဲ့ ရွှံ့နွံနဲ့ ရေမြက်တွေက ကုတ်​ခြစ်နေတဲ့ ခံစားချက်ဟာ ခြေဖဝါးကို မရေမတွက်နိုင်တဲ့ ဆံပင်တွေ ရစ်ပတ်ထားလိုပါပဲ။

ခြေလှမ်းအနည်းငယ် ကြာပြီးနောက် သူတို့သည် ရေ၏အနက်ပိုင်းသို့ ရောက်သွားကာ လက်နှစ်ဖက်ဖြင့် ကူးခတ်သွားကြသည်။

မျက်နှာသေက အလွန်လျင်မြန်စွာ ကူးခတ်သွားရာ မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ဖက်လူအနား ရောက်သွားပြီ။ ထိုနေရာမှ ရေမျက်နှာပြင်သည် နိမ့်နေပုံရသည်။ မျက်နှာသေက ချက်ချင်းပဲ ပြေးတက်သွား၏။ နောက်တော့ ဖန့်ကျစ်က တက်ကာ နောက်ဆုံးမှာတော့ ဖက်တီးနဲ့ ဝူရှဲ့ပင်။ ဝူရှဲ့ခြေထောက်က ရေရဲ့အောက်ခြေကို ထိမိပြန်တော့ ခြေထောက်က နစ်နေသည်။ ဒီနေရာဟာ တိမ်ကောနေတဲ့ ရွှံ့နွံထဲက ကျောက်တုံးကြီးတွေလို ဖြစ်နေပုံရသည်။

ထိုအချိန်တွင် ထိုလူနှင့် ခြောက်မီတာ (သို့) ခုနစ်မီတာသာ ကွာဝေးသော ထိုလူကို အနီးကပ် လှမ်းကြည့်လိုက်တော့ နှလုံးခုန်မြန်ပြီး လွန်စွာ တုန်လှုပ်သွားမိသည်။

ချန်ဝမ်းကျင်သည် သူ့အတွက် ဒဏ္ဍာရီများနှင့် ဓာတ်ပုံများတွင်သာ အမြဲလိုလို အယူအဆတစ်ခု ဖြစ်နေခဲ့ပုံရသည်။ ယခု သူမက သူ့ရှေ့တွင် ပေါ်လာပြီ။ သို့သော် မီးခွက်ကို ကိုင်ဆောင်ထားသူက ဖက်တီး တစ်ဦးတည်းသာ ရှိသေးပြီး မီးသည် ယိမ်းယိုင်နေသဖြင့် သူတို့ရှေ့တွင် ဘာတွေဖြစ်နေသလဲ ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now