Vol 4🐉62🐉မြွေဘုရင်

43 13 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (62)
မြွေဘုရင်

၎င်းသည် "ရစ်ငှက်လည်ပင်း"ပဲ ဖြစ်သည်။

ဘာလို့ဒီမှာ ဒီလိုမြွေမျိုး ရှိနေတာလဲ။

သေသေချာချာ ကြည့်လိုက်တော့ အနီရောင်တောက်နေတဲ့ အ​မောက်နဲ့ ထောင်မတ်နေတဲ့ မြွေကိုယ်ထည်၊ ကြောက်စရာကောင်းတဲ့ ကိုယ်ဟန်အနေအထားက တကယ်ပဲ "ရစ်ငှက်လည်ပင်း" ဆိုတာကို တွေ့လိုက်ရ၏။

အားလုံးလိုလို အေးစက်စက် ချွေးတွေ ထွက်ကျ​လာခဲ့သည်။ ဒီမြွေမျိုးကို ဝူရှဲ့တို့ရဲ့မွေးရပ်မြေမှာ "လိန်ဝမ်ဟုန်" (အနီရောင်မိုးကြိုးဘုရင်) လို့ ခေါ်ပြီး ဝူရှဲ့ ငယ်ငယ်က တစ်ခါ တွေ့ဖူးပါသည်။ လူကြီးတွေရဲ့ အဆိုအရ ဤမြွေသည် မြွေထဲက မြွေဘုရင်ဖြစ်ပြီး ထိုကဲ့သို့မြွေအားလုံးသည် မြေနှင့်နီးကပ်စွာ ပျံသန်းတတ်ကာ လျှပ်စီးကြောင်းကဲ့သို့ တွားသွားနိုင်ပြီး အလွန်အဆိပ်ပြင်းသည်။ ဒီလိုမြွေမျိုးက အသတ်ခံရရင် မျိုးနွယ်တူတွေက လက်စားလည်း ချေတတ်သေးသည်။

ချင်မင်းဆက်ဒဏ္ဍာရီမှာ ဖတ်ဖူးသလောက်ဆို ဒီလို မြွေတွေဟာ တောင်တွေမြစ်တွေရဲ့ နဂါးသွေးကြောတွေမှာ ရှိ​နေတတ်တဲ့ မြွေလေးတွေ လို့ ဆိုကြပါ၏။ လိန်ဝမ်ဟုန် အကြောင်း ဒဏ္ဍာရီများ အများစုမှာ ၎င်းက နဂါးမျိုးနွယ်များဖြစ်ပြီး တောင်ပေါ်တွင် မိုးကြိုးပစ်၍ ပေါက်ကွဲသွားသည့် နေရာများတွင် တွေ့ရတတ်ကြောင်း ဆိုထားကြသည်။ 

သို့သော် ဤမြွေမျိုးသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ၎င်းသည် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်၍ ဤနေရာတွင် ရှိနေသေးသည်။

ဖက်တီးနဲ့ တခြားသူတွေက ဒီလိုမြွေမျိုးကို တစ်ခါမှ မမြင်ဖူးကြတဲ့အတွက် အားလုံးက အံ့အားသင့်​နေခဲ့ကြပြီး သူတို့ထဲမှာ မျက်နှာသေ တစ်ယောက်တည်းကသာ ဝူရှဲ့နဲ့တူညီတဲ့ မျက်နှာထား ပြောင်းလဲမှုတွေ ရှိနေသည်။ သို့သော်လည်း အနီရောင်မြွေ၏ ခန္ဓာကိုယ်နှင့် ပြင်းထန်သော ကိုယ်ဟန်အနေအထားက အဆိပ်ပြင်းသော မြွေ၏လက္ခဏာကို ပြသနေတာကြောင့် လူအနည်းငယ်သည် ကမောက်ကမ ပြုမူဝံ့ခြင်း မရှိပေ။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now