Vol 5🐉28🐉တတိယည - အမဲလိုက်ခြင်း

34 9 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (28)
တတိယည - အမဲလိုက်ခြင်း

"အာ? ဘာလို့လဲ?"

ဝူရှဲ့ ရုတ်တရက် မတုံ့ပြန်လိုက်မိ။ သူက ဝူရှဲ့အမေးကို ပြန်မဖြေဘဲ ခဏလောက် စဉ်းစားပြီး "ငါ့နောက်လိုက်ခဲ့!" လို့ပြောကာ ချက်ချင်းပဲ ပြေးထွက်သွားတော့သည်။

ဝူရှဲ့ နေကို ကြည့်လိုက်တော့ နေက ဝင်ခါနီးနေပြီ။ သူ့အတွက် ငါသေတော့မယ်လို့ နည်းနည်း​လောက် တွေးပြီး တဲရှိရာကို လိုက်ပြေးသွားလိုက်သည်။ တဲထဲက ကျောက်တုံးပေါ်မှာ သွားတိုက်တံနဲ့ ခွက်ပေါင်းများစွာက်ု တင်ထားကာ မျက်နှာသေက မိုင်းတွင်းမီးခွက်ကို ကောက်ယူပြီး တောထဲကို ပြေးသွားပြန်၏။

ဝူရှဲ့ သူ့နောက်ကို လိုက်သွားတော့ သူဟာ တောထဲ လမ်းဆုံက စိမ့်ထဲကို ပြေးနေတာ တွေ့လိုက်ရသည်။ ဝူရှဲ့ ချက်ချင်း ခုန်ဆင်းပြီး လိုက်သွားတဲ့အခါ စိမ့်​တောရဲ့အောက်ခြေက ရွှံ့တွေကို တူးဖို့ ခွက်ကို သုံးကာ ရေစိုခံ အိတ်ထဲ လောင်းထည့်လိုက်သည်။ ဝူရှဲ့ အံ့ဩသွား၏။ ထိုစဥ် မျက်နှာသေက ဝူရှဲ့ကို ဝှေ့ယမ်းပြီး ချက်ချင်း ခုန်ချခိုင်းလိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် သူတို့နှစ်ဦးလုံး ရွှံ့ထဲတွင် လိမ်းကျံပြီးသား ဖြစ်သွားကာ ဝမ်းကျင်နဲ့ တစ်ပုံစံတည်း ဖြစ်သွားသည်။

ရွှံ့တွေနဲ့ တစ်ကိုယ်လုံးကို ဖုံးထားရတာ အဆင်မပြေပေ။ မြူတွေ ထူထပ်နေချိန်မှာ လိမ်းထားလို့ရော ရပါ့မလား တွေးပြီး ဝူရှဲ့မှာ မပျော်မရွှင်နဲ့ သူ့ကို ဘာလုပ်နေတာလဲလို့ မေးလိုက်သည်။

"ဝမ်းကျင်ကို ဖမ်းမလို့လား?"

"သူမ စားစရာ ရှာနေတယ်.... စားစရာတွေ ကုန်နေပြီမလို့ ဒီည ပြန်လာဖို့ ရှိလောက်တယ်.... ငါတို့ ကင်းတပ် ချထားမယ်"

“ညဘက် ကင်းပုန်းမလို့လား” ဝူရှဲ့ တွေးပြီး ချက်ချင်း ခေါင်းခါလိုက်သည်။

"ကျွန်တော် မလုပ်ဘူးနော်... ကျွန်တော် လဲကျသွားရင် ဘယ်တော့မှ မတ်တပ် မရပ်နိုင်​လောက်​တော့ဘူး"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now