Vol 5🐉27🐉တတိယည - မြွေမိခင်

33 10 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (27)
တတိယည - မြွေမိခင်

"မြွေအစည်းအဝေး...."

ဤစကားသည် ဝူရှဲ့စိတ်ထဲတွင် တခဏအတွင်း ပေါ်ထွက်လာကာ လူကလည်း တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မနေ့ညက ဖက်တီး သူပြောခဲ့သော မြွေများသည် ပုရွက်ဆိတ်ကဲ့သို့ ပြုမူတတ်တာကြောင့် ဤနေရာတွင် မြွေဘုရင်မ ရှိနိုင်ကြောင်း သတိရမိသွားသည်။

ဒီမြွေတွေရဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေက လင်းတတွေ အစာအတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ တိရစ္ဆာန်တွေရဲ့ စံနမူနာတစ်ခုပဲလို့ ဝူရှဲ့ ထင်ခဲ့သည်။

ဒီမြွေနီလေးတွေက လူမှုအင်းဆက် ပိုးမွှားတွေကြားမှာ အင်ဂျင်နီယာတွေဖြစ်ပြီး အရေအတွက် များသည်။ စပါးအုံးမြွေကြီးက အထီး ဖြစ်ကာ အရွယ်အစား သေးငယ်သည်။ နဂါးနဲ့တူတဲ့ ဧရာမမြွေကြီးကတော့ ဖက်တီးပြောတဲ့ ဤနေရာတွင်ရှိ တစ်ခုတည်းသော မြွေမိခင် ဖြစ်နိုင်သည်။

ရုပ်ကြွအရ ဤမြွေသည် အလွန်ကြီးမားသောကြောင့် မြွေထီးသည် သူမနှင့် ချောမွေ့စွာ မိတ်မလိုက်​နိုင်ဘဲ ကြက်အမောက် မြွေများစွာရဲ့ အကူအညီကို လိုအပ်​​နေခဲ့သည်။ သဘာဝရဲ့ နိယာမတွေအရ ဒီလိုကြီးမားတဲ့ မြွေမိခင်ကြီးဟာ မလှုပ်ရှားနိုင်တော့ဘဲ ဧရာမမျိုးစေ့များ ကြဲပြီး မျိုးစေ့တွေ ကြီးပြင်းလာသလိုမျိုး တခြားသူတွေရဲ့ အကူအညီနဲ့ မိတ်လိုက်ဖို့လည်း အမှန်တကယ် လိုအပ်နေပါသည်။

ဒီသစ်ပင် ပင်လယ်ထဲမှာ ဒီလောက်ကြီးမားတဲ့ မြွေကြီးတစ်ကောင် တကယ် ရှိနေတာလား။

မြွေတွေရဲ့ သမိုင်းကြောင်းကို ဝူရှဲ့လည်း နည်းနည်းတော့ သိပါသည်။ သူ့စိတ်ထဲမှာ မြွေကြီးတွေရဲ့ ဒဏ္ဍာရီတွေထဲမှာ အကြီးဆုံးမြွေဖြစ်တဲ့ မီတာ ၅၀ အရှည်ရှိတဲ့ မြွေကြီးတစ်ကောင်ကို ဘရာဇီးရဲ့ မိုးသစ်တောမှာ တွေ့ဖူးတယ်လို့ ဆိုထားပါ၏။ မြွေတွေဟာ လူသားတွေလို မဟုတ်ချေ။

၎င်းတို့တွင် သတ်မှတ်ထားသော သက်တမ်း ကန့်သတ်ချက် မရှိသော်လည်း ယေဘုယျအားဖြင့် မြွေများသည် အစာက ကြီးလွန်းသောအခါတွင် သဘာဝအတိုင်း သေဆုံးသွားကြတတ်ကြသည်။ သို့သော်လည်း တချို့သော အခြေအနေများတွင် မြွေကြီးများသည် ရိုးရှင်းစွာ ကြီးထွားလာတတ်သေး၏။ မိုးသစ်တောက ဒီမြွေတွေသေတဲ့အခါ အသက် 100 လောက်သာ ရှိမည်ဆိုလျှင် ဒီမြွေက အနည်းဆုံး နှစ်လေးထောင်လောက် ရှိပြီပေါ့။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Où les histoires vivent. Découvrez maintenant