Vol 5🐉21🐉ဒုတိယည - အဲဒါ

58 18 6
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (21)
ဒုတိယည - အဲဒါ

ဝူရှဲ့ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသော်လည်း မျက်နှာသေပြောတာက အမှန်ပင်။ သူက ညဘက်တွင် သတိကောင်းသူ မဟုတ်ကြောင်း ချက်ချင်း သဘောပေါက်ပါသည်။ ဒီလို ပင်ပန်းနွမ်းနယ်မှုတွေကနေ အပြည့်အဝလည်း ပြန်ကောင်း မလာသေးရာ ကောင်းကောင်း နိုးကြားမှု မရှိသေးပေ။ တစ်ယောက် သတိမထားမိရင် အားလုံး ဒုက္ခရောက်သွားနိုင်သည်။ ဤအချိန်တွင် မျက်နှာသေကို တစ်ညလုံးစောင့်ခိုင်းခြင်းမှာ အခြေအနေအရ အလွန် အဆင်ပြေပါသည်။

ဖက်တီးက မကန့်ကွက်ဘဲ “လူတစ်ယောက်နဲ့ မလုံလောက်ဘူးထင်တယ် အစ်ကိုလေး... ဒီလောက် ကြီးကျယ်တဲ့ နေရာကို မင်းတစ်ယောက်တည်း ထိန်းလို့ မရ​လောက်ဘူး... ငါ မင်းနဲ့အတူ ညတစ်ဝက်လောက်အထိ နေမယ်.... ဒီည ငါတို့ပင်ပန်းသွားရင် မနက်ဖြန်ကျ အနားယူကြတာပေါ့"

မျက်နှာသေက ထုံးစံအတိုင်း ဘာအမူအရာမှ မပြလာပေ။ သို့နှင့် ဖက်တီးက သူ့ဘာသာသူပဲ သဘောတူလိုက်လေ၏။

"ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီနော်"

ဝူရှဲ့ အစက မအိပ်တော့ဘူးလို့ တွေးနေပေမယ့် မျက်နှာသေက မနက်ဖြန်ကျရင် အနားယူဖို့ လိုလေသည်။ အဲ့အချိန်ကျရင် သူက ညစောင့်လုပ်ပေးရလိမ့်မည်။ ဒါကိုတွေးရင်း စိတ်ထဲ နည်းနည်းတော့ သက်သာသွား၏။ ဖက်တီးက လက်နှစ်ဖက်ကို အကြောဆန့်ရင်း ပြောလာခဲ့သည်။ 

"ဒါက အခြေခံ ဖြစ်နိုင်ခြေတွေကို စဥ်းစားလိုက်တာပဲထား... အဲဒါကို မစဉ်းစားနဲ့တော့ မနက်ဖြန် ဘာလုပ်ရမလဲ စဉ်းစားကြည့်ရအောင် အစ်ကိုလေး... မင်းဝင်ပေါက်ကို ရှာဖို့ လမ်းရှိနေပြီလို့ ပြောတယ်နော် အဲဒါက ဘာကိုပြောတာလဲ?"

မျက်နှာသေက သူ့ကိုကြည့်ကာ "ဒီနည်းလမ်းက အောင်မြင်ဖို့ ခက်တယ်.... ဒါကြောင့် မပြောနဲ့တော့" လို့ ပြောခဲ့ပါသည်။

ဖက်တီးက ချက်ချင်း ပြန်ပြောသည်။

"မဟုတ်ဘူး မလုပ်ပါနဲ့ ငါ့ကိုအရင်ပြောပြစမ်းပါ.... ငါဒီအတိုင်း မပြန်ချင်ဘူး"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now