Vol 4🐉26🐉ဗွီဒီယိုတိပ်ခွေရဲ့ အစစ်အမှန် လျှို့ဝှက်ချက်

49 16 4
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (26)
ဗွီဒီယိုတိပ်ခွေရဲ့ အစစ်အမှန် လျှို့ဝှက်ချက်

စားသောက်ဆိုင်ရဲ့ အဆောက်အဦး အပြင်ဘက်က ဝူရှဲ့ဆိုင်နဲ့ သိပ်မဝေးတာကြောင့် အမြန်ပဲ ပြန်​ရောက်လာခဲ့သည်။ ဝမ်မန်မှာ အလုပ်ကနေ 5 နာရီ 15 မှာ ပြန်တာမလို့ မိနစ်ဝက်လောက်ကြာတာနဲ့ ဆိုင်မှာ ဘယ်သူမှ မကျန်ခဲ့တော့ပေ။ သူက သော့ပါခတ်ထားတာ ကြာပါပြီ။

ဝူရှဲ့သော့ကိုဖွင့်ပြီး ဝင်သွားလိုက်သည်။ အတွင်းခန်းထဲကို ရောက်တဲ့အခါ အားနင် ယူလာတဲ့ တိပ်ခွေတွေနဲ့ သူ့ဆီ ပို့လာတဲ့ သူ့ကိုယ်ပိုင်တိပ်ခွေ တချို့ကို ထုတ်ယူလိုက်သည်။ ဖက်တီးကလည်း လိုက်လာပြီး ကူညီပေးပါ၏။ ဒါပေမဲ့ ဝူရှဲ့ဟာ တိပ်ခွေကို ထပ်ကြည့်ဖို့ မစီစဉ်ထားတော့ဘဲ အံဆွဲအနည်းငယ်ကို ဖွင့်ကာ ဝက်အူလှည့်ကို ရှာဖွေနေသည်။

ဖက်တီးမှာ နားမလည်နိုင် ဖြစ်လျက် ဘာလုပ်နေတာလဲလို့ မေးလာသည်။ ဝူရှဲ့ခမျာ နှလုံးတွေတုန်ပြီး ပြန်ဖြေဖို့တောင် စိတ်မ၀င်စားတော့တဲ့အတွက် ဖက်တီးမှာ လျှပ်စစ်ကြိုးကို ဖြုတ်လိုက်ပါတော့သည်။

ပြဿနာက ကောင်းကောင်း တွေးကြည့်ရင်တော့ တကယ်ကို ရိုးရှင်းပါသည်။ ဒါကိုသူ အကြိမ်ပေါင်းများစွာတောင် လုပ်ခဲ့ဖူးတယ်။ အထဲမှာပါတဲ့ အကြောင်းအရာက အရေးမကြီးပါဘူး။ တစ်ဖက်က ပို့ချင်တာက ဗီဒီယိုတိပ်ခွေ ကိုယ်တိုင်ပဲ။ အထဲမှာပါတဲ့ အကြောင်းအရာကို ကြည့်ဖို့ မဟုတ်ပေ။

ဗလာဖြစ်နေတာ သို့မဟုတ် သူနှင့်လုံးဝ မသက်ဆိုင်သော ပုံတစ်ပုံရှိနေတာက အဓိက မဟုတ်ချေ။ တွေးကြည့်လိုက်ရင် ဒီတိပ်ခွေကို ပို့ရတဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိတော့သည်။ ပိုမရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခုပဲ ​ဖြစ်ပြီးတော့ သူ့ရဲ့ ထင်ကြေးက မှန်မမှန် စိစစ်ဖို့ အရမ်းလွယ်ပါ၏။

အလယ်တန်း ကျောင်းတက်တုန်းကတော့ ဒီအရာနဲ့ ပတ်သတ်ပြီး အများကြီး အတွေ့အကြုံ ရှိတာကြောင့် ဖြုတ်ရတာ မခက်ချေ။ တိပ်ခွေထဲက ကြိုးတွေကို သုံးချောင်းခွဲ၊ ငါးနှစ်ပိုင်းခွဲပြီးတော့ သေသေချာချာ ကောက်ကိုင်ပြီး လှုပ်လိုက်တဲ့အခါ လူက အထိတ်တလန့် ထအော်လိုက်မိသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now