Vol 5🐉30🐉တတိယည - ဗွက်အိုင်

49 12 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (30)
တတိယည - ဗွက်အိုင်

ဒီပြိုလဲမှုဟာ တောထဲမှာ ခြေလျင်လျှောက်ရင်း ပြုတ်ကျတာမျိုးနဲ့ လုံးဝကို မတူပါဘူး။ သူ့ခန္ဓာကိုယ်သူ ထိန်းချုပ်ထားနိုင်ဖို့ လှမ်းထိသမျှကတော့ ရွှံ့တွေဖုံးနေတဲ့ ကျောက်တုံးကြီးရဲ့ မျက်နှာပြင် ဖြစ်နေသည်။ လက်က ဘာကိုမှ ဖမ်းလို့ မမိတာကြောင့် လူက တိုက်ရိုက် ပြုတ်ကျသွားပြီး ခြေထောက်ကလည်း မထိန်းနိုင်တော့ဘဲ ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားတော့သည်။

ကံကောင်းထောက်မစွာနဲ့ ချောက်က သိပ်မမြင့်ချေ။ အောက်ခြေမှာ ရေနဲ့ နုန်းတွေ ပါနေတော့ အသက်အန္တရာယ် ထိခိုက်မှု မရှိပေမယ့် ရေစီးကြောင်းက အရမ်းမြန်နေတာကို တွေ့လိုက်ရပြီး ချက်ချင်းဆိုသလိုပဲ အကြိမ်အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ထိုစဥ် ရေထဲက ဘာကို လှမ်းကိုင်ထားမိတယ်မသိ အဲ့အချိန်မှသာ လူက မျောပါနေရာမှ ရပ်တန့်သွားသည်။ ဝူရှဲ့ ဘာလုပ်ရမှန်း မသိ​တော့ဘဲ သွားများကို အံကြိတ်ကာ မတ်တပ်ထရပ်လိုက်သည်။ မိုင်းတွင်းမီးခွက်သည် ကမ်းပါးတစ်ဝက်တွင် တွဲလောင်းကျနေခဲ့ပြီး အလှမ်းမဝေးတာကို တွေ့လိုက်ရသည်။

ခဏအကြာတွင် ဘယ်နေရာကမှ ကျိုးပဲ့သွားခြင်း မရှိဘူးဟု ခံစားမိလေသည်။ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရရာ ရွှံ့ထဲက ခြေဖဝါးများ ကပ်လျက် လင်းထိန်နေသော နေရာကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ အပေါ်က မိုင်းတွင်းမီးအိမ်ကို အားကိုး၍ စူးစမ်းကြည့်လိုက်ရာ ပြိုကျနေတဲ့ ကျောက်တုံးကြီးဟာ အပျက်အစီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သင့်တာကို မြင်ခဲ့ရသည်။

ဝူရှဲ့စိတ်ထဲ ထူးဆန်းသွားသည်။ ဒီသစ်ပင်အနောက်မှာ ဘယ်လိုလုပ် ကျောက်ကမ်းပါးတစ်ခု ရှိနေတာလဲ။ ဒါဆို အစောက လူကရော ဘယ်ကိုရောက်သွားတာလဲ။ သူက သစ်ပင်ပေါ်မှာ တောက်တဲ့လို လဲလျောင်းနေတာများလား။

ဒါနဲ့ အပေါ်ကို လှမ်းအော်လိုက်ပေမယ့် အကြောင်း မပြန်လာပါဘူး။ အဲဒီလူက သူပြုတ်ကျသွားအောင် သွေးဆောင်ဖို့ ကြိုးစားနေခဲ့သလိုပဲ။ နေ့ခင်းဘက် ကြားလိုက်ရတဲ့ အသံတွေကို ရုတ်တရက် တွေးမိပြီး စိတ်ထဲမှ လန့်လာသည်။ သူ ဂယောင်ချောက်ချားတွေ ဖြစ်နေလို့ ဒီအသံကို ကြားနေရတာလား။ ဒီတောက အာရုံကြောတွေကို နှောင့်ယှက်နိုင်တာ ဖြစ်နိုင်ပါ့မလား။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now