Vol 4🐉18🐉ဆေးရုံက ဆင်းပြီ

54 17 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)

Chapter (18)
ဆေးရုံက ဆင်းပြီ

ဦးလေးသုံးနဲ့ စကားစမြည် ပြောလိုက်တာက နှစ်နာရီနီးပါး ကြာသွားခဲ့သည်။ ရေနှစ်ပုလင်းသောက်ကာ စကားစမြည် ပြောပြီးနောက် နှစ်ယောက်စလုံး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ ဦးလေးသုံး၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပြန်လည်ကောင်းမွန် မလာသေးတာကြောင့် စကားပြောပြီးနောက် မူးဝေသွားခဲ့သည်။

ဝူရှဲ့လည်း သူ့ကို မနှောင့်ယှက်ချင်ဘူး ဆိုတော့ သူ့ကိုယ်ပိုင် ပစ္စည်းတွေကို ဂရုစိုက် လဲပေး၍ ရေနွေးနဲ့ လက်ဖက်ရည်ကို ပြောင်း​ပေးပြီးနောက် တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။

ဦးလေးသုံး ဗီဒီယို အသံဖမ်းစက်ဝယ်ခိုင်းတဲ့ ကောင်လေးက အခုထိ ပြန်မလာသေးပေ။ ဝယ်ရတာ တော်တော် ခက်မယ်ထင်ပါရဲ့။ အဆက်ပြတ်နေတာ ကြာနေပြီမို့ ဝယ်နိုင်ရင်တောင် ကစားနိုင်ဖို့က မသေချာသေးပါဘူး။

ဦးလေးသုံးရဲ့ ပုံပြင်ကို နားထောင်တုန်းက ဗီဒီယိုတိပ်ခွေ အကြောင်း မေ့သွားပေမယ့် အခုပြန်တွေးကြည့်တော့ ကြောက်စိတ်က မထိန်းနိုင်တော့ဘူး။ ဦးလေးသုံးရဲ့ သက်ပြင်းချလိုက်တဲ့ လေသံက ပင်ပန်းပြီး အားကိုးရာမဲ့​နေသလို ခံစားရစေကာ သိပ်အဆင်မပြေချေ။

မျက်နှာသေ အကြောင်း ပြောရရင်တော့ သူတို့ ဘာမှမသိသရလောက်ပါပဲ။ သူ သင်္ဘောပေါ်မှာ မတော်တဆပဲဖြစ်ဖြစ် ရှေးဟောင်းသုတေသနအဖွဲ့နဲ့ ရောနှောပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါတွေကို သူတို့ ဘာမှ မသိရပါဘူး။ ထို့အပြင် မျက်နှာသေသည် သူ့ဦးလေးထက် သာလွန်ခြင်းမရှိပေ။ သူသည် မည်မျှပင်အတင်းအကျပ် ဖိအားပေးနေစေကာမူ သူ မပြောချင်သော အရာများကို မတုံ့ပြန်ခဲ့ပေ။

ဦးလေးသုံးက သူ့အကြောင်းတချို့ကို ပြောပြပေမယ့် ဒီရှုထောင့်ကနေ ကြည့်ရင် ဦးလေးသုံး ပြောခဲ့တာတွေက အမှန်တရားနဲ့ ဝေးကွာနေပါသေးသည်။ တကယ်တော့ သူက ဝူရှဲ့ထက် နည်းနည်း ပိုသိရုံလောက်သာ ရှိ၏။ ဒါကို တွေးပြီး ငြိမ်ကျသွားတဲ့ ခံစားချက်က နည်းနည်း စိတ်ဓာတ်ကျလာပြန်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now