Vol 5🐉43🐉တတိယည - ဗွီဒီယိုတိပ်

30 12 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (43)
တတိယည - ဗွီဒီယိုတိပ်

"ဘာအကြောင်းပြချက်လဲ?"

မီးပုံကြီး၏ နွေးထွေးမှုအောက်တွင် ဝူရှဲ့၏ ပင်ပန်းနွမ်းနယ်မှု တဖြည်းဖြည်း လျော့ပါးလာသည်။ သူ့ခန္ဓာကိုယ်တွင် နာကျင်မှုမရှိသော အစိတ်အပိုင်း တစ်ခုမျှ မရှိခဲ့ပေ။ မသက်မသာ ဖြစ်နေသော်လည်း ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေကို အံကြိတ် တောင့်ခံရင်း မီးပုံဘေးက ဦးလေးသုံးအပေါ် အာရုံစူးစိုက်ထားလိုက်သည်။

ဦးလေးသုံးသည် မီးရောင်အောက်မှာ အုံ့မှိုင်းနေပြီး သူက ဆက်ပြောလာသည်။

“ငါပြောတော့ရော မင်းက ယုံမှာလား”

သူက ဝူရှဲ့ကို ကြည့်ပြီး စကားရပ်သွားရာ ဆက်မပြောနိုင်တော့တာ သိသာပါ၏။ ဝူရှဲ့ သူ့ကို ဆေးရုံမှာတုန်းက ယုံဖို့ ကတိပေးခဲ့ပေမယ့် ဦးလေးသုံးကတော့ အမှန်အတိုင်း မပြောခဲ့ပါဘူး။ သူတို့ကြားက ဂိမ်းဟာ အဆုံးမရှိတဲ့ ကွင်းတစ်ကွင်းထဲကို ရောက်သွားသလို မပြီးဆုံးနိုင်တော့ချေ။

သူက ပြုံးပြီးပြောလေသည်။

"ငါမင်းကို လိမ်ထားရင် အဲဒါက မင်းကို လိမ်ဖို့ အကြောင်းပြချက် တစ်ခုရှိလို့ပဲ... အဲ့လိုဆို နောက်ဆုံး အခိုက်အတန့်အထိ ငါလိမ်နေမှာ သေချာတယ်.... ငါပြောရင်တောင် မင်း ယုံမှာမဟုတ်ဘူး... ငါ့ရဲ့ စွမ်းအင်တွေကို ဖြုန်းတီးမယ့်အစား ငါတို့ သူမကို ရှာတွေ့ပြီး ပြန်မေးကြည့်တဲ့အထိ စောင့်သင့်တယ်"

ဝူရှဲ့ သက်ပြင်းရှည်ကြီး ချရင်း ရုတ်တရက် သူနဲ့  အရမ်းရင်းနှီးခဲ့ဖူးတဲ့ ဦးလေးသုံးဟာ အကွာအဝေး တစ်ခု ခြားသွားသလို စိတ်ထဲမှာ ခံစားလိုက်ရတာကြောင့် ထိန်းမနိုင်ဖြစ်ပြီး ပြောလိုက်သည်။

“ဦးလေးသုံး... ကျွန်တော် ဒီလိုမဖြစ်ချင်ဘူး...အရင်က ကျွန်တော်တို့ရဲ့အတိတ်ကို ပြန်သွားချင်တယ်... ဦးလေးက တစ်လို့ ပြောလိုက်ရင် ကျွန်တော် ဘယ်တော့မှ နှစ်လို့ မှားပြောမှာ မဟုတ်တဲ့ အချိန်ကိုပေါ့... ဒါပေမဲ့ အခုကျွန်​တော် ဦးလေးသုံးကို တကယ် မမြင်နိုင်တော့ဘူး....ဒီတူလေးကိုပဲ လုပ်ခွင့်ပေးလို့ မရဘူးလား?"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now