Vol 4🐉53🐉ရေညှိအောက်က လျှို့ဝှက်ချက် (၁)

51 15 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (53)
ရေညှိအောက်က လျှို့ဝှက်ချက် (၁)

အားနင်က ဝူရှဲ့ ခါးပတ်ကို ဆွဲတော့မှာမို့ ဝူရှဲ့မှာ စိတ်တွေပူပြီး သူဘာလုပ်ချင်မှန်း မသိတော့ဘဲ ဘောင်းဘီကိုသာ အမြန်ဖုံးလိုက်သည်။

“မင်း ဘာလုပ်ချင်​နေတာလဲ”

အားနင်က "ဒီပိုးကောင်တွေက မြက်မွှားတွေ... အဲဒီအကောင်တွေ ကိုက်ရင် တော်တော်ဒုက္ခများတယ်....နင်နဲ့ ဖက်တီးက အကိုက်ခံလိုက်ရပြီ ကုတ်ရင်း မအိပ်ချင်ဘူးဆိုရင် ဘောင်းဘီကို မြန်မြန်ချွတ်လိုက်.... အဲ့အကောင်တွေ စအိုထဲ တွားသွားဝင်သွားရင် နင့်ဘဝ ပြီးသွားပြီ!"

ဝူရှဲ့မှာ ဒါကိုကြားတော့ ထိလွယ်ရှလွယ်နေရာက နည်းနည်း ယားယံလာတယ်လို့တောင် ခံစားမိပေမယ့် အားနင်အား ဒါကို မကိုင်တွယ်​စေချင်တာကြောင့် ဘောင်းဘီကို ဆက်ကိုင်ထားရင်း အော်ပြောလိုက်၏။

“ဒါဆို ဓားပေး... ငါဘာသာလုပ်မယ်!"

"ကိုယ့်ဖင်ကို ဘယ်လို​ပြန်​ကြည့်မလို့လဲ"

ဒီလိုဆိုရင်တောင်မှ ငါမင်းကိုမပြနိုင်ဘူးလို့ စိတ်ထဲက အော်ပြောလိုက်တော့သည်။ အဲ​ဒီအချိန်မှာ သူ့ဘေးနားက ဖက်တီးသည် သူ့တင်ပါးကို ကုတ်ရင်း ပြောလာ၏။

“ငြင်းခုံနေတာတွေ ရပ်လိုက်တော့”

သူက အားနင်ရဲ့လက်ထဲက ဓားကိုယူပြီး ပြောလိုက်သည်။

"ဒီအဘွားကြီး ပြောတာ မှန်တယ်.... မြက်မွှားတွေ တော်တော်ဒုက္ခ ပေးတယ်... ငါတို့ ဟိုမှာ သွားဖြေရှင်းရအောင်"

"ကိုင်တွယ်တတ်မှာလား" အားနင်က မေးသည်။

"ဓားကို အပူပေးပြီး ခွာရုံပဲမလား... ငါ နွားသိုးတွေတောင် အရေပြားလှီးပေးဖူးတာ ဒါကို မသိစရာလား.... မင်းတို့ကိုယ်တိုင်လည်း စစ်ဆေးကြည့်သင့်တယ်နော်... မင်းရဲ့ ပါးလွှာတဲ့ အသားအရေနဲ့ နူးညံ့တဲ့အသားက ဒီလိုမျိုး ပိုးကောင်တွေ အကြိုက်ဆုံးပဲ”

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now