Vol 4🐉38🐉ထွက်ခွာခြင်း

54 15 3
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (38)
ထွက်ခွာခြင်း

ဂျစ်ကားယာဉ်သည် အဆုံးမရှိ ကျယ်ပြောလှသော ကောပိသဲကန္တာရကို ဖြတ်ကျော်လာခဲ့သည်။ ရာသီဥတုက ခြောက်သွေ့နေပြီး ယခင်ကားများ သွားထားလို့ ကားလမ်းပေါက်နေသော လမ်းအတိုင်း သွားရင်း အဝါရောင်ဖုန်မှုန့်များကို ရှောင်ရှားရန် ကားများသည် တစ်ကားနှင့်တစ်ကား ခပ်ဝေးဝေးမှ မောင်းခဲ့​ကြသည်။

ဝူရှဲ့ ကားထဲမှာထိုင်ရင်း ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်ရင်း သူ့ဆုံးဖြတ်ချက်က မှန်သလား မှားသလား ပြန်စဥ်းစားနေရသည်။ အဲဒီအချိန်တုန်းက နည်းနည်းလေး မဆင်မခြင်ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ အခု ပင်လယ်ဓားပြ သင်္ဘောပေါ် တက်လာပြီဖြစ်လို့ နောင်တရ​နေလို့လည်း အသုံးမဝင်တော့ပါဘူး။

မထွက်ခွာမီက ကြားခဲ့သော အားနင်၏ အစီအစဉ်သည် ဝမ်းကျင်၏ လမ်းကြောင်းအတိုင်း သွားရန်ဖြစ်ပြီး သွမ့်ဟွမ်မှ တချိုင်တန့်ကို ဖြတ်၍ ချိုင်အာဟန့်ဧရိယာသို့ ဝင်ရောက်ကာ ထိုလမ်းမှထွက်ပြီး ချိုင်တာမုထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ ထို့နောက် ခေါင်းဆောင်ကျောမာက လမ်းပြပြီး သူတို့အဖွဲ့အား ယခင်လေ့လာရေး အဖွဲ့နှင့် လမ်းခွဲခဲ့သည့် နေရာကို ခေါ်သွားပေးမှာ ဖြစ်လေသည်။

ဒီလမ်းကြောင်းက ဝမ်းကျင် ရေးထားခဲ့တဲ့ မှတ်စုတွေနဲ့ အတိအကျနီးပါး အတူတူပါပဲ။ သူမ ဒီအချက်အလက်​တွေကို ဘယ်ကရသွားတာလဲ။ ထင်ရှားသည်မှာ သူမသည် ထမုထို၊ တင့်ကျူကျောမာနှင့် ဒီလမ်းကြောင်းကို သိနေပုံရသည်။ သို့သော် မှတ်စုများက သူ့အိတ်ကပ်ထဲတွင် ရှိနေတုန်းပဲ ဖြစ်လေသည်။

ယာဉ်တန်းသည် လမ်းတစ်လျှောက် ရိက္ခာများ ဖြည့်တင်းပြီး မကြာမီ စီစဉ်ထားသည့်အတိုင်း သွမ့်ဟွမ်သို့ ရောက်ရှိလာခဲ့သည်။ ချိုင်အာဟန့် ဧရိယာကို မရောက်မီ လမ်းကြောင်းသည် ကိုယ်တိုင်မောင်းနှင်သည့် ခရီးစဉ်လမ်းကြောင်းနှင့် ညီမျှနေသေးကြောင်း တစ်စုံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now