Vol 5🐉9🐉ပထမည လက်ကောက်

36 11 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (9)
ပထမည လက်ကောက်

သူတို့နှစ်ယောက်လည်း လက်တွေခြေတွေကို ချက်ချင်းရွှေ့ပြီး သစ်ပင်ပေါ် တက်လိုက်ကြသည်။

ဤနေရာတွင်ရှိ သစ်ပင်များသည် တွယ်တက်ရန် အတော်လေး လွယ်ကူပြီး ခြေကုပ်စရာ အများအပြား ရှိသော်လည်း အထူးသတိထားရန် လိုသည်မှာ သစ်ပင်များ၏ ပင်စည်များသည် ရေညှိများ၊ ရွှံ့များ ဖုံးလွှမ်းထားတာကြောင့် ခြေထောက်ကို မတည်ငြိမ်စေပေ။ ၎င်းက ခြေထောက်ချော်ရန် လွယ်ကူသည်။ ပထမအကြိမ် ချော်လဲပြီးတာနဲ့ ပြုတ်ကျသွားနိုင်၏။

သူတို့ သတိထားပြီး ခြေတစ်လှမ်းပြီး တစ်လှမ်း တက်သွားကြသည်။ သစ်ပင်မှာလည်း မြူတွေ ရှိတာကြောင့် နောက်ဆုံး ဖန့်ကျစ်နံဘေးကို ရောက်သွားတဲ့အထိ မလွယ်ကူခဲ့ပါဘူး။

ဖန့်ကျစ်သည် သစ်ပင်၏ ထိပ်ဖျားအောက်တွင် ရှိနေသည်။ ထိုနေရာ၌ အကိုင်းအခက်များ ကျဲကာ မြူများလည်း ပိုမိုပေါ့ပါးသည်။ သစ်ပင်ကြီး၏ ဦးခေါင်းထက်တွင် လက တောက်ပနေသောကြောင့် ဖြစ်ပေမည်။ လ၏ အလင်းရောင်များစွာသည် မြူခိုးများကြားတွင် တောက်ပနေနိုင်သော်လည်း လရောင်နှင့် မြူမှုန်ပေါင်းစပ်မှုက လူကို အမွေးအမှင် တစ်ခု ရှိနေတဲ့ ခံစားမှုကို ပေးစွမ်းနေဆဲ ဖြစ်သည်။

မှိန်ဖျော့ဖျော့ အလင်း​ရောင်အောက်တွင် ပတ်ဝန်းကျင် သစ်ပင်များကို မြင်နိုင်သော်လည်း ခပ်ဝေးဝေးကတော့ မှုန်ဝါးနေ၏။ နှစ်ယောက်သား ဖန့်ကျစ်ကို ဘာဖြစ်နေတာလဲလို့ တိုးတိုးလေးမေးတော့ သူက။

"ဟိုကသစ်ပင်ပေါ်မှာ လူတစ်ယောက် ရှိနေသလိုပဲ"

"ဘယ်ဘက်လဲ" ဖက်တီးက တိုးတိုးလေး မေးသည်။ ထိုစဥ် ဖန့်ကျစ်က ဦးတည်ချက်တစ်ခုကို ညွှန်ပြပြီး။

"အကိုင်းအခက်တွေပေါ်က မီတာ 20 လောက်အကွာမှာ"

"ဒီလောက်မှောင်နေတာ ဘယ်လိုလုပ်​ပြီးမြင်လဲ? ဧကန္တ အစ်ကိုလေးများလား"

"ပထမတော့ မမြင်ရဘူး...သူသာ မလှုပ်ရင် ငါလည်း သတိမထားမိ​လောက်ဘူး"

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6حيث تعيش القصص. اكتشف الآن