Vol 5🐉5🐉ကျောက်ရုပ်တု

53 15 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)

Chapter (5)
ကျောက်ရုပ်တု

ဒါကို တွေးကြည့်နေတုန်း ရေစီးက ပိုမြန်လာလေသည်။ ငုံ့ကြည့်လိုက်တော့ သစ်ပင်အောက်က စိမ့်ရေတွေ ပြေးလွှားနေတာကို မြင်နေရကာ လှိုင်းတွေမှာ ဘာတွေ ဖြစ်နေမှန်း မသိချေ။ ရွှံ့အောက်မှာ အပျက်အစီးတွေ ကွာဟချက်ရှိနိုင်တယ် ဆိုရင်း ဖန့်ကျစ်က သူတို့ကို သတိထားဖို့ ပြောလေသည်။ အောက်မှာ ရေတွင်းလို အပေါက်တွေဘာတွေ ရှိနေနိုင်သည်။

ဖက်တီးကတော့ သူ့မိုင်းတွင်းမီးအိမ်သည် တစ်ဖက်ခြမ်းရှိ ကျောက်ရုပ်ပေါ်သာ ထွန်းထားကာ သူ့အာရုံတွေကလည်း အဲဒီကိုပဲ ရောက်နေသည်။

၎င်းက အလင်းရောင်အောက်မှာ ကျောက်တုံးကြီး တစ်ခုလုံးကို ထွင်းထုထားသလိုပါပဲ။ နေရာတော်တော်များများမှာ ရေညှိတွေ ဖုံးနေတဲ့အတွက်ကြောင့် ပိုလို့တောင် ထူးဆန်းပြီး ရုပ်ဆိုးနေသည်။ အနီးကပ် ကြည့်လိုက်လျှင် ဆန့်ကျင်ဘက်အားဖြင့် ရုပ်လုံးရုပ်ကြွကို ဘယ်လိုမှ ခံစားလို့မရပေ။

အနည်းငယ်အကြာတွင် ဖက်တီးသည် မိုင်းတွင်းမီးအိမ်ကို ရေအောက်ကို ကြည့်နိုင်အောင် အနည်းငယ် ချလိုက်သည်။ အလင်းရောင်ကို လင်းလက် တောက်ပစေလိုက်သော် ကျောက်ရုပ်တုကြီးသည် ကြီးမားလွန်းသော ကျောက်တုံးကြီး တစ်ခုလုံးကို ထွင်းထုထားပုံပေါ်ကြောင်း တွေ့လိုက်ရသည်။

နစ်မြုပ်နေသည့် အစိတ်အပိုင်းကို သစ်ပင်အမြစ်များက လုံးလုံးလျားလျား ဖုံးအုပ်ထားသော်လည်း မြင်နေရဆဲ ဖြစ်သည်။ ပုံသဏ္ဌာန် မမှန်ဘဲ သစ်ပင်များ၏ အမြစ်များတွင် စုပုံနေသော ရေထဲတွင် ထူးဆန်းသော အရိပ်အချို့လည်း ရှိသည်။ ဒါက ကျောက်ထွင်းလက်ရာရဲ့ အစိတ်အပိုင်းလားတော့ မပြောတတ်ချေ။

ဖက်တီးမှာ အကြာကြီး ကြည့်နေပေမယ့် အဲဒါက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ ထိုအခိုက် ဝူရှဲ့သည် ပတ်ဝန်းကျင် သစ်ပင်တွေရဲ့ အမြစ်တွေကို မိုင်းတွင်းမီးအိမ်က ရှင်းရှင်းလင်းလင်း အလင်းပေးနိုင်တာကိုတော့ ထူးဆန်းစွာ တွေ့ခဲ့ရသည်။ ဘယ်လိုပဲ တောက်ပနေပါစေ အရိပ်တစ်ခု ထပ်ပြီး လင်းလာတဲ့အခါမှသာ မြင်ရမှာပင်။ တကယ်တမ်းတော့ အဲဒါတွေဟာ အရိပ်မဟုတ်ဘဲ အပေါက်တွေလို့ ဖြစ်နေမှန်း တစ်အောင့်ကြာမှ သိလိုက်ရသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now