Vol 5🐉3🐉အချက်ပြမီးခိုး

37 14 1
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (3)
အချက်ပြမီးခိုး

ဦးလေးသုံးနှင့် တခြားသူများသည် အားနင်တို့ အဖွဲ့၏ နောက်တွင် ပုန်းနေခဲ့ကြသည်ဟု ဖန့်ကျစ်က ပြောခဲ့သည်။ ယခုအချိန်တွင် အစီအစဉ်အရဆို ၎င်းတို့တည်နေရာက ဤမြစ်၏ အကျယ်အဝန်း တစ်ဝိုက်၌သာ ရှိနေသင့်သည်။ အိုအေစစ်တစ်ခု ​တွေ့လျှင်ပင် ၎င်းတို့သည် ချက်ချင်းဝင်သင့်တာ မဟုတ်ဘဲ ဖန့်ကျစ်က ၎င်းတို့အား ပေးသည့်အချက်​ပြချက်ကို စောင့်ရမည်ဖြစ်သည်။

ဒါပေမဲ့ ဦးလေးသုံး သူတို့ကို တုံ့ပြန်တဲ့ အချက်ပြမီးခိုးက သူတို့အနောက်ဘက်ရှိ စိမ့်လယ်ခေါင်ကနေ ထွက်လာတာကြောင့် သူတို့တွေးထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ ဆိုလိုသည်မှာ ၎င်းတို့သည် ယခုအချိန်၌ ရွှံ့နွံထဲတွင် ရှိနေကြ​ပြီ။

ဖန့်ကျစ်မှာ သူ့မျက်လုံးတွေကို မယုံနိုင်သလို ပွတ်သပ်လိုက်သည်။

"အမ်... ဘာဖြစ်နေတာလဲ... သူတို့ဘာလို့ အဲဒီမှာရှိနေတာလဲ"

ဝူရှဲ့မှာ နားလည်မှုလွဲမှာကို ကြောက်တာကြောင့် မှန်ပြောင်းကို ချက်ချင်း ကောက်ကြည့်လိုက်တော့ မီးခိုးက အမှန်ဖြစ်နေသည်။ မီးခိုးအရောင်သည် ပုံမှန်မဟုတ်သော အနီရောင်ဖြစ်သောကြောင့် သုံးယောက်သား တအံ့တသြ ဖြစ်သွားသည်။

"ဖန့်ကြီး... မင်းရဲ့သခင်သုံးက မင်းထက်အများကြီး ပိုမြန်တယ်ထင်တယ်နော်"

ဖက်တီးက ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး.... သခင်သုံးနဲ့ တခြားသူတွေက တခြားချောက်တွေကနေ အရင်ဝင်သွားလို့များ ဖြစ်နိုင်လား? ဒါပေမဲ့ ဒါအစီအစဥ်ထဲက အတိုင်းတော့ မဟုတ်ဘူး... ငါအချက်ပြတာကို စောင့်နေသင့်တယ် မြန်လိုက်တာကွာ..."

ဖန့်ကျစ်မှာ မနေနိုင် မထိုင်နိုင်ဖြစ်လာသည်။

"အစ်ကိုလေးက မင်းရဲ့သခင်သုံးအဖွဲ့အစား အချက်ပြလိုက်တာလား?"

"မနေ့ညက သူဘာမှ မယူသွားဘူး အဲဒါသူ မဖြစ်နိုင်ဘူး" ဖန့်ကျစ်က။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now