Vol 5🐉29🐉တတိယည - လျှို့ဝှက်တိုက်ပွဲ

32 12 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (29)
တတိယည - လျှို့ဝှက်တိုက်ပွဲ

ဝမ်းကျင်ဟာ အရှေ့ကို အသည်းအသန် ပြေးနေလေသည်။ ဝူရှဲ့မှာ သူမကိုတောင် မမြင်ရတော့ချေ။ သူ့ခမျာ ဖက်တီးရဲ့ နောက်ကြောင်းကိုသာ ကြည့်ရင်း ပြေးလိုက်နေရသည်။ ဒီလို အလင်းရောင်ထဲမှာ လူတွေကို လိုက်ဖမ်းရင် ခြေတစ်လှမ်းတောင် နောက်ကျလို့ မဖြစ်ပါ။ မဟုတ်ရင် လူကို တစ်ချက်လောက်တောင် မြင်နိုင်မှာ မဟုတ်​တော့ဘူး။

ဝူရှဲ့သည် ဒီတစ်ခါတော့ သူမကို ရှောင်မပြေးစေရဘူးလို့ စိတ်ထဲမှ တွေးထားလေသည်။ သူ့မှာ ဝမ်းကျင်ကို မေးစရာမေးခွန်းတွေ အများကြီးရှိနေပြီ။

စခန်းအပြင်ဘက်အထိ ထွက်ပြေးပြီး တောတွင်းကျယ်ကြီးထဲ မ၀င်ရသေးခင် မျက်နှာသေက အလွန်လျင်မြန်စွာနဲ့ ပေါ့ပါးစွာ ခုန်ပျံသွားလေသည်။ သူက ဝမ်းကျင်ကို ကျောက်တုံးကြီးတစ်ခုပေါ် တွန်းထုတ်လိုက်တာကြောင့် ဝမ်းကျင်မှာ ကျောက်တုံးကို ကျောကပ်လျက်သား ဖြစ်သွားသည်။ လွတ်မြောက်ရန် လမ်းမရှိတော့ဘူးလို့ ထင်သွားတဲ့ သူမ၏ စိတ်လျှော့ချလိုက်သော အသက်ရှုသံကိုသာ ကြားလိုက်ရသည်။

"အစ်မကြီးရယ် ဘာကိုကြောက်​နေတာလဲ"

ဖက်တီးက မေးလေသည်။

"ကျွန်​တော်တို့က လူကောင်းတွေပါ... မပြေးနဲ့တော့ ဟုတ်ပြီလား... ကျွန်တော်တို့က ပန်းတွေကို လိုက်ဖမ်းတဲ့ ဂျပန်တွေလိုလည်း မဟုတ်ပါဘူး"

ဝမ်းကျင်က ရုတ်တရက် တစ်ခုခု အော်ဟစ်လိုက်လေသည်။ သူမ ဘာအော်တာလဲ ရှင်းရှင်းလင်းလင်း မကြားလိုက်ရသေးခင်မှာပဲ သူမက ရုတ်တရက် လှည့်၍ ကျောက်တုံးပေါ် ပြေးတက်သွားသည်။ သူမ၏ လှုပ်ရှားမှုများသည် အလွန်ပေါ့ပါးပြီး ကွန်ဖူးပညာကို လေ့ကျင့်ထားသည့်နှယ် အနည်းငယ်မျှပင် နှေးကွေးခြင်း မရှိပေ။

သူတို့သုံးယောက်ထဲမှာ မျက်နှာသေ တစ်ယောက်တည်းကသာ ပေါ့ပါးစွာ ခုန်တက်သွားနိုင်သည်။ သူက ဝမ်းကျင်ရဲ့ ဂုတ်ပိုးကို လှမ်းကိုင်လိုက်သော် သူမ ချက်ချင်းလှည့်ပြီး တိုက်ခိုက်လေသည်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ဖြစ်ရင်း ကျောက်တုံးကြီး အနောက်ကို လှိမ့်ချလိုက်ကြရာ ရေထဲကျသွားသလို အသံမျိုး ကြားလိုက်ရ၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now