Chapter 5 [ Unicode ]

823 111 2
                                        

Edited ✔️

အပိုင်း(၅)
တစ်ကိုယ်ကောင်းဆန်ခြင်းသည်ဗီဇ၊လောဘသည်သဘာဝ

ကျန်းကျဲ့ယွမ်၏ဖခင်နှင့်စန်းကျန့်ပိုင်တို့သည် စီးပွားဖက်များဖြစ်ကြသည်။ဒီဆက်ဆံရေးကြောင့်ကျန်းကျဲ့ယွမ်နဲ့ငယ်ငယ်တုန်းက မကြာခဏတွေ့ဆုံခဲ့ရသည့်အတွက်ခင်မင်ရင်းနှီးလာခဲ့ကြသည်။

သူကကျွန်တော့်ထက်နည်းနည်းငယ်ပြီးသူငယ်ချင်းတွေနဲ့တစ်​နေ့တစ်​နေ့အချိန်ဖြုန်းရသည်က်ိုသာသ​ဘောကျပြီးဘာအလုပ်မှမယ်မယ်ရရဟူ၍မရှိ​ပေ။

ထို့ကြောင့်သူ့ဖခင်သည်စန်းကျန့်ပိုင်ကိုမြင်တိုင်း အမြဲတမ်းစိတ်အားထက်သန်စွာဖြင့် မိသားစုနှစ်စု၏ အ​မွေစားအ​မွေခံသားနှစ်​ယောက်အကြောင်း အထပ်ထပ်အခါခါ တိုင်ပင်​ဆွေး​နွေးရန်ပြောလေ့ရှိသောကြောင့်စန်းကျန့်ပိုင်သည်အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

ဒီလိုအသုံးမကျတဲ့သားတစ်ယောက်အတွက်ဘာ​ကြောင့်အ​​ရေးပါတဲ့အချိန်​တွေကို​ပေး​နေမှာလဲဟုပင်သူ​တွေး​နေ​လောက်သည်။

【​စန်းနျန့်!ငါတို့ဒီ​နေ့ အပြင်သွားမလို့ လိုက်ခဲ့ပါလား။ Booking ကြိုယူထားပြီးသား။ 】

သူ့အ​ကြောင်း​တွေး​နေတုန်းပင် ကျန်းကျဲ့ယွမ်၏မက်ဆေ့ချ်ဝင်လာသည်။ သူprofileပုံကို အသစ်ပြောင်းထားသောကြောင့်မမှတ်မိသလောက်ပင်။

ဓာတ်ပုံထဲတွင်ဆံပင်နီရောင်ဆိုးထား​သော​ကောင်​လေးသည်အဝါရောင်ပြိုင်ကားတစ်စီး​ပေါ်တွင်တစ်ဝက်တစ်ပျက်ထိုင်နေသည်။

နဖူး​ပေါ်တွင်ရွှေဝါ​ရောင်သန်း​နေ​သောမျက်မှန်ကိုင်းတစ်လက်ကိုတင်ထားပြီးကင်မရာဆီသို့​မော်ကြည့်ကာလက်ခလယ်နှစ်ချောင်းကိုမြှောက်ပြထားသည်မှာမောက်မာသည့်ဟန် အပြည့်။

ကျန်းကျဲ့ယွမ်​၏လွှမ်းမိုးမှု​ကြောင့်ကျွန်​တော်အခုလိုဆိုးသွမ်း​နေခြင်းဖြစ်သည်လို့စန်းကျန့်ပိုင်​တွေးသည်မှာအံ့သြစရာတော့ မဟုတ်​ပေ။

​ခေါင်းက​နေ​ခြေဖျားထိကြည့်လိုက်ရုံနဲ့ "လူဆိုး" ဆိုသည့်စကားလုံးကိုသူ၏နဖူး​ပေါ်ထွင်းထုထားလုနီးပါးပင်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now