Chapter 18 [ Unicode ]

725 89 6
                                        

Edited ✔️

အပိုင်း(၁၈)
ငါက Playboy တဲ့လား?

သဘောတူညီထားတဲ့Shootingအချိန်ကမနက် ဆယ်နာရီဆိုပေမယ့်ကျွန်တော်အိပ်ရာမထ​​သေးတာကြောင့်ချိုက်ခုန်းခုန်းကလူတွေကိုအရင်ခေါ်သွားခဲ့ပြီးကျွန်​တော်ကနောက်မှလိုက်သွားဖို့ စိတ်ကူးထားခဲ့၏။

Hezi Fashionသို့ကားမောင်းထွက်လာတဲ့အချိန်မှာနေ့လည်တစ်နာရီလောက်ရှိနေပြီဖြစ်သည်။ဧည့်ကြိုဝန်ထမ်းကကျွန်​တော့်ကိုစတူဒီယိုထဲပို့ဆောင်ပြီးတာနဲ့ခါးလည်​လောက်ရှိ​သောဆံပင်ဖြူလူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကသူမရဲ့လက်အောက်ငယ်သားများစွာနဲ့​ရောက်ချလာခဲ့သည်။

"ရှင်းအားရီ။"တစ်ဖက်လူကိုယဥ်​ကျေးသမှုပြုကာခေါင်းညိတ်ပြလိုက်၏။

"​ရှောင်နျန့်..သားမတွေ့တာကြာပြီနော်။
နှစ်နှစ်လောက်တောင်ရှိပြီထင်တယ်။အချိန်တွေကအရမ်းမြန်လွန်းတယ်​​နော်"

သူမကကျွန်​တော့်ပုခုံးအားပုတ်ကာပြုံးပြလျက်စတူဒီယိုအထဲသို့အတူတူလိုက်ဝင်လာခဲ့၏။

ချိုက်ခုန်းခုန်းသည်စတူဒီယိုအလယ်ရှိ ပို့စ်​ပေး​နေ​သော​မော်ဒယ်လ်ကိုလက်ပိုက်ကာရပ်ကြည့်​နေ၏။သူ့အမူအရာသည်အချိန်တိုင်းအာရုံကြောများ တင်းမာနေသကဲ့သို့လေးနက်​နေပြီးတစ်ဖက်လူကိုနည်းနည်း​လေးမှအမှားမခံ။

ကျွန်​တော်တို့လာနေတာကိုမြင်တော့မှသူက စိတ်သက်သာရာရသည့်အလားချက်ချင်းလက်ကို​ဖြေလျှော့ပြီးနှုတ်ဆက်လာ၏။

"စန်းသခင်လေး, ရှင်းသခင်မ ! "

"ရိုက်ကူးရေးကအခုထိတော့အဆင်ပြေချောမွေ့နေတုန်းပါပဲ။ဒီနေ့ခြောက်နာရီမတိုင်ခင်တော့ပြီးနိုင်မယ်လို့ထင်ပါတယ် " ဟုဆိုကာ၎င်းက တိုးတက်မှုအခြေအနေကိုပြောပြလာသည်။

"အိုး..အခုလိုအဆင်ပြေတယ်ကြားရတာဝမ်းသာပါတယ်။ဘာပဲဖြစ်ဖြစ်သူကလဲမင်းတို့Aliaက မော်ဒယ်ပဲလေနော်။နှစ်ပေါင်းများစွာပါတနာတွေဖြစ်ခဲ့တဲ့တစ်လျှောက်လုံးစိတ်ပျက်စရာနည်းနည်းလေးမှမရှိခဲ့ပါဘူး...အနာဂတ်မှာလဲအခုလိုအမြဲဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့မျှော်လင့်မိပါတယ်။"

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneDonde viven las historias. Descúbrelo ahora