အပိုင်း(၃၀)
မင်း ငါ့မှာရှိတဲ့ အကောင်းအဆိုးတွေအားလုံးကို လက်ခံနိုင်လား ?
✿
ဒီလိုအချိန်အခါမျိုးရောက်နေပြီးတာတောင် ခွင့်ပြုချက်ထတောင်းတဲ့သူက ကမ္ဘာပေါ်မှာ ရှိနေသေးတာလား?
အကယ်၍ သူသည် တစ်ဖက်သားကို ရွေးချယ်ခွင့်ပေးပြထားပြီး တစ်ဖက်လူကငြင်းပယ်လိုက်ရင်လည်း အငြင်းခံရခြင်းကြောင့် ဒေါသထွက်ဦးမည်ပင်။အဲ့တော့ မေးပြီးတော့ရော ဘာထူးဦးမှာလဲ?
မင်းက သောက်ရမ်းရူးနေတာ မဟုတ်ဘူးလား?
ကျီချန်ဖုန်းက ကျွန်တော့်မှာ ရွေးချယ်စရာမရှိလို့မှန်းမသိပေမယ့် စိတ်ထဲမှာဘယ်လိုပဲ တွေးကြည့်ပါစေ ဒေါသထွက်နေသေး၏။
'နောက်ဆုံးအဆင့် 'ကို မလုပ်ချင်လုပ်ချင်နဲ့လုပ်ရတော့မယ်ဆိုရင်တောင် အနည်းဆုံးတော့သူကကျွန်တော့်ကို လုပ်ပေးပါဆိုပြီးတော့ တောင်းဆိုသင့်တယ်လေ။
ယောက်ျားတစ်ယောက်၏ခန္ဓာကိုယ်ကို ကျွန်တော်စိတ်မဝင်စားတတ်ပေမယ့်၊ သူသာဒီတိုင်းအဲ့ဒီမှာ လှဲလျောင်းနေပြီး သူ့ကျောဘက်ကိုပဲကြည့်ခွင့်ပေးထားမယ်ဆိုရင် အရပ်ရှည်တဲ့မိန်းမတစ်ယောက်သက်သက်ဟူ၍ အေးဆေးစိတ်ကူးယဥ်မြင်ကြည့်လို့ရပါ၏။
နောက်ဆုံးတော့ သူ့ရဲ့မြေဆီလွှာထဲမှာ ကျွန်တော့်ရဲ့မျိုးစေ့တွေကိုဖြန့်ကြဲပေးပြီး ခန္ဓာကိုယ်အတွင်းကလီစာတွေကနေနှလုံးအထိ တိုက်ရိုက်ခံစားလို့ကောင်းအောင် ထွက်သက်ဝင်သက်တွေပင့်သက်ရှုမောကြရင်း နောက်ဆုံးအဆင့်ကိုဖြတ်ကျော်ကြရတော့မည်။
ဒါက ကျွန်တော်တို့ဆက်ဆံရေးရဲ့ ပုံမှန်ဦးတည်ချက်ဖြစ်သင့်ပါတယ်။ဟုတ်တယ်မလား?
( TN// သူအပေါ်တက်ရမယ်လို့ထင်နေတာပါ )
အခုကျ ... လောလွန်းလိုက်တာ။
"ဟင်? ခ-ခဏနေပါဦး ငါဘာမှမပြင်ဆင်ရသေးဘူးရော်..."ခြောက်သွေ့စွာပြုံးပြလျက်ကျီချန်ဖုန်းနှင့်ညှိနှိုင်းဖို့ ကြိုးစားရင်း "မဟုတ်ရင် မင်း ဟိုတစ်ခေါက်ကလိုလုပ်ပါလား "
YOU ARE READING
တစ်ကိုယ်ကောင်းဆန်သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish Gene
Romanceစာရေးသူ Hui Nan Que ၏ The Selfish Gene အားမြန်မာဘာသာပြန်ထားခြင်းဖြစ်ပါသည်။ English Name : The Selfish Gene [一念之私] Status in COO : 74 Chapters + Extras • လူယုတ်မာဟုယူဆခံရသူတစ်ဦးသည် တစ်စုံတစ်ဦးကို ချစ်တတ်သွားသောအခါ၊ ထို...
