Chapter 11 [ Zawgyi ]

251 11 0
                                        

Edited ✔️

အပိုင်း ၁၁ ။ ဒါကမှတစ်ကယ်ကို ပြီးပြည့်စုံတဲ့အဆုံးသတ်ပဲ။

ကျီချန်ဖုန်းကမြောက်ဝင်ရိုးစွန်းမှာ ပေါင်မုန့်​တွေသီး​နေတဲ့သစ်ပင်တစ်ပင်ကို မြင်လိုက်ရသလိုအံ့သြပြီးထိတ်လန့်​သွားသည်။

"...ဘယ်လို?"

သူ့ရှေ့က မှော်သစ်ပင်ကိုအနှောက်အယှက်ဖြစ်သွားမှာ​ကြောက်​နေသလိုမျိုးအသံထွက်​မေးဖို့ကို​တောင်​တော်​တော်ကြာ​နေခဲ့သည်။

"ခက်ခက်ခဲခဲနဲ့မနည်းအိပ်​ပျော်​အောင်ကြိုးစားထားရတဲ့လူကို နှိုးမိလို့တစ်ခုခုပြန်​လျော်​ပေးသင့်တယ်လို့မထင်ဘူးလားလို့...​နော်? "

မင်းကဘာကိုရူးချင်​ယောင်ဆောင်နေ​သေးတာလဲ။မင်းပါးစပ်ထဲကိုရောက်​အောင်ထည့်​ပေးနေပြီဆိုတော့ ​အေး​ဆေးစားစရာရှိတာစားလိုက်​ပေါ့။

"တောင်းပန်ပါတယ်။" ကျီချန်ဖုန်းက ကျွန်တော့်ခြေကျင်းဝတ်ကို ဖြေလျော့လိုက်ပြီး မတ်တပ်ရပ်ကာ "ငါတို့ကြားက နားလည်မှုလွဲနေတာက ရှင်းဖို့ လို​နေသေးတယ်ထင်တယ်..."

မရေရာသော လွန်ဆွဲမှု၊ ပရောပရည်နှောက်ယှက်မှု၊ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတို့ကို ကြိုဆိုလိုသော ဆန္ဒ...။ အရင်က သူများတွေ ကျွန်​တော့်ကိုဒီလိုအူတူတူလုပ်ပြတုန်းက ပျော်စရာကောင်းတယ်လို့ ထင်ခဲ့တယ်။ ဒါ​​ပေမယ့် အခုသူနဲ့ကျ အရာအားလုံးကိုသည်းမခံနိုင်တော့​ပေ။

ပျော်လည်းပျော်​မ​နေသလို၊အခုလိုအူတူတူအတတပုံစံဟန်​ဆောင်​နေတာက ချစ်စရာကောင်းတယ်လို့လဲနည်းနည်း​လေးမှမထင်ဘူး။

မသိနားမလည်ဟန်ဆောင်နေတဲ့သူ့စကားကို နားထောင်ရုံနဲ့ အခုပဲ ဖောင်းကားနေတဲ့ကျွန်​တော့်​အောက်ပိုင်းနေရာက​ပြန်​တောင် ညှိုးချင်လာပြီ။

ရွံလွန်းလို့..။

ကျီချန်ဖုန်း၏ပေါင်ပေါ် ခြေ​ထောက်ဖြင့် လှမ်းဖိလိုက်ပြီး သူမထထွက်နိုင်​အောင်တားလိုက်သည်။ထို့နောက် အောက်သို့ငုံ့ကာလက်ညိုးကို သူ့မျက်နှာတစ်ဖက်ဆီသို့ ​ဖြေးညှင်းစွာပွတ်သပ်ရင်း

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneDonde viven las historias. Descúbrelo ahora