Chapter 12 [ Unicode ]

640 81 5
                                        

Edited ✔️

အပိုင်း(၁၂)
သူမင်းကိုသ​ဘောကျ​နေလိမ့်မယ်။

မအိပ်ပျော်ခင်ကျီချန်ဖုန်းနဲ့လုပ်ခဲ့တဲ့​လေ့ကျင့်ခန်းကြောင့်ခံစားခဲ့ရ​သောလန်းဆန်းတဲ့ခံစားချက်ကနိုးလာပြီးနောက်တွင်​တော့ တိမ်တိုက်များပမာလုံးဝပျောက်ကွယ်သွားခဲ့သည်။

ခန္ဓာကိုယ်ရှိ အဆစ်တိုင်းသည်နာကျင်နေပြီး၊ဗိုက်ကလေးလံ​နေကာဦးနှောက်သည်လည်းမောပန်း​နေသလိုခံစား​နေရသည်။

မက်ခဲ့သည့်အိပ်မက်ကိုလဲ​သေချာမမှတ်မိတော့သလို၊အတည်ပြုနိုင်တဲ့တစ်ခုတည်းသောအရာက​တော့တစ်ညလုံးစိတ်ကူးယဉ်အိပ်မက်မျိုးစုံကိုမက်ခဲ့ပြီးအသက်ရှူဖို့တစ်ခဏမျှပင်မရှိခဲ့​ခြင်းပေ။

အခုလိုနာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေမယ့် နည်းလမ်းရှိမရှိလဲမသိ​တော့​။

ဆေး​သောက်ရင်လည်းအလုပ်မဖြစ်သလို လိင်ဆက်ဆံတာနဲ့လည်းမသက်သာ​စေဘူး။

ဒီ​သောက်ကျိုးနည်း​ခံစားရတာ​တွေကသေမှ​ပျောက်​တော့မှာလား?

ကုတင်ပေါ် မလှုပ်မယှက်လှဲနေရင်း၊ ခန္ဓာကိုယ်ကအဆင်မပြေသည့်အတွက်စိတ်ထဲမှာဘာကိုမှမတွေးနိုင်ဘဲနာကျင်မှုတစ်ခုတည်းကိုသာအာရုံစိုက်​နေမိတာနဲ့ပဲ_____အာရုံမ​ပြောင်းနိုင်ပဲပိုမိုဆိုးရွား​စေတဲ့အဆုံးမရှိသံသရာထဲမှာပဲလည်​နေ​လျက်။

လုံးဝလှုပ်ရှားချင်စိတ်မရှိပေမယ့် ခန္ဓာကိုယ်က အစာရှာဖို့ တဂွီဂွီအော်ဟစ်နေ​လေပြီ။

ထန်ပိအန်းကိုအရင်လိုခွင့်ပြုချက်မရှိဘဲလာရန် ခွင့်မပြုထားသောကြောင့် ယခုအချိန်တွင်​တော့အိပ်ခန်းအပြင်ဘက်မှာပူပူနွေးနွေးပါဆယ်ဘူးများအဆင်သင့်အရင်လိုရှိဖို့ရာ မဖြစ်နိုင်​တော့ပေ။

ဗီရိုထဲ အသင့်စားခေါက်ဆွဲဘူးတွေရှိမယ်ထင်တယ်__အဲ့တာပဲစားရုံ​ပေါ့​လေ။

စားစရာ​ရော ထိုစားစရာအားပြင်ဆင်ဖို့ရန်သိပြီးသားဖြစ်​သော်လည်းခန္ဓာကိုယ်ကဘာမှမလုပ်နိုင်​အောင် သံချေးတက်နေသလိုခံစား​နေရသည်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now