Chapter 6 [ Unicode ]

682 99 10
                                        

Edited ✔️

အပိုင်း(၆)
ကြည့်စမ်းပါဦး ငါဘာတွေ့ခဲ့လဲဆိုတာ။

ညစာစား​နေချိန်မှာလည်း ကျီချန်ဖုန်းနဲ့သိပ်အဆက်အဆံမရှိခဲ့​ပေ။ ဟင်းပွဲတွေ လာချ​ပေးတာကလွဲ၍ ကျန်အချိန်များ၌သူ့ထိုင်ခုံမှာသာ ငြိမ်ငြိမ်လေးထိုင်နေတတ်သည်ပင်။

တစ်ခြားစားပွဲတစ်ခုက ဧည့်သည်များပြန်သွားလျှင် စား​သောက်ပြီးသွား​သောပန်းကန်များကို သိမ်းဆည်းကာ ​ဆေး​ကြောသန့်ရှင်းပြီးသည်နှင့်မှင်တက်စွာ သူ့ထိုင်ခုံဆီပြန်လာထိုင်ပြန်သည်။

"ဒီဘဲကတစ်ကယ်ကြီး မင်းအဒေါ်ရဲ့ ကုမ္ပဏီကမော်ဒယ်တစ်ယောက် မဟုတ်ဘူးလား"

ကျွန်တော်ကျီချန်ဖုန်းကိုကြည့်ကြည့်နေမှန်း သိလိုက်ရတော့ကျန်းကျဲ့ယွမ်လည်းထိုသူ့ကိုအာရုံစိုက်မိသည်ထင်၏။

"သူ့နားထဲမှာနားကြားကိရိယာတပ်ထားတာကို မတွေ့ဘူးလား"

အီး-စီးကရက်တစ်လိပ်ကို ဖြည်းညှင်းစွာ ရှူထုတ်ရင်း ပါးစပ်မှလှုပ်ယမ်းကာ

"သူ့နားကမကြားဘဲနဲ့ မော်ဒယ်ဘယ်လိုလုပ်မလဲ။ ဓာတ်ပုံဆရာကို လက်ဟန်​ခြေဟန်နဲ့စကား​ပြောခိုင်းရမှာလား ၊ နည်းနည်းပါးပါးစဥ်းစား​လေ။ "

ကြက်သွန်အရသာစမ်းထား​သောကြက်ရိုးကို မြိန်ရေရှက်ရေစားရင်းကျန်းကျဲ့ယွမ်ကပြုံးပြီးပြန်ပြောလာ၏။

"အခု ဓါတ်ပုံနည်းပညာ​တွေက သိပ်အဆင့်မီ​နေပြီမဟုတ်ဘူးလား။သူ့ နားကြားကိရိယာကို Edit လုပ်ခိုင်းလိုက်​ပေါ့ ပြီးခဲ့တဲ့ တစ်ခေါက်က အင်တာနက်ဆယ်လီတစ်​ယောက်လဲသူ့လိုပဲ​လေ.."

" နားကိုedit လိုက်ရ​ပေမယ့်လဲ လုပ်ထားမှန်း​တောင် မသိသာဘူး၊ သူ့မှာပရိတ်သတ်တွေလည်း အများကြီးရှိတယ်ဟ ။ "

မြစ်ကမ်းဘေးနားသည် လေထန်နေပြီး အီး-စီးကရက်မှအခိုးအငွေ့များသည် ပါးစပ်မှရှိုက်ထုတ်ပြီးသည်နှင့် ပြင်းထန်သောလေဖြင့် လွင့်ပါသွားသည်။

ကျန်းကျဲ့ယွမ်သည် လုပ်ငန်းခွင်ကို ရိုးရိုးရှင်းရှင်းပဲ အမြဲတွေးပြီး လူတိုင်းသည် စိတ်ရှည်သည်းခံ၊ ဖော်ရွေစွာလုပ်ဆောင်သင့်ပြီး နေ့တိုင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် တစ်​​နေ့တာကိုဖြတ်သန်းသင့်သည်ဟုထင်​နေပုံရ​သေးသည်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now