Chapter 8:Part 1[ Unicode ]

696 99 19
                                        

Edited ✔️

အပိုင်း(၈)
အော်..​သောက်​ခွေး။

"တောင်းပန်ပါတယ်
မင်းဘာပြောလိုက်တာလဲ?
ကျွန်​တော် မကြားလိုက်လို့။ "

ဟန်ဆောင်​နေတာပဲ။

ကုလားထိုင်ကို မှီလိုက်ရင်း လက်နှစ်ဖက်ကို ဒူး​ပေါ်တင်လိုက်ကာ

"ဒေါက်တာကျီ....၊
ကျွန်​တော့်အသံကို​ရော သဘောကျလား" သူ​သေချာမကြားလိုက်မှာဆိုးလို့ စာနာတဲ့အ​နေနဲ့နည်းနည်းကျယ်ကျယ်​လေး ပြော​​ပေးလိုက်ပါတယ်။

ကျွန်​တော့်*အသံ* လို့ပြင်​ပြီး​ပြောလိုက်​ပေမယ့်​ပေါ့....။

တစ်ကယ်တမ်း သေသေချာချာပြန်စဥ်းစားကြည့်လိုက်တော့ ကျွန်​တော့်အသံကိုသူကြားလိုက်တိုင်း အခုလိုကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တုံ့ပြန်မှုတစ်ခုရသည်ပင်။

ယောက်ျားများကဲ့သို့​သော သတ္တဝါများသည်နားမလည်နိုင်သော အကြောင်းပြချက်အမျိုးမျိုးကြောင့်၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို မထိန်းနိုင်တတ်ကြသည်မှာ ပုံမှန်ပင်။

အသံတစ်ခုတည်းကိုသာလျှင်စွဲလမ်းမိသည်မှာဖြစ်နိုင်​ချေပြီး အသံကိုသာကြိုက်ကာ ကျန်တဲ့တစ်ခြားအစိတ်အပိုင်းများကို မကြိုက်ရခြင်းမှာလည်း အံ့သြစရာမဟုတ်ပေ။

ထိုမှသာ သူ၏ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကကျွန်​တော့်အ​ပေါ်ရှိ​နေလျက် တစ်ချိန်တည်းမှာဘာ​ကြောင့် မျက်နှာကရှုံ့မဲ့​ပြနေလဲဆိုသည့်အချက်ကိုလည်းသိနိုင်​ပေသည်။

"မင်း အထင်လွဲနေတယ်ထင်တယ်..."

သူက "အထင်လွဲနေတာ" လို့ပြောပေမယ့်ဘယ်ဟာက ဘယ်လိုနားလည်မှုလွဲတာဖြစ်​ကြောင်း​ဖြေရှင်းချက်မ​ပေး​ပေ။

​....တစ်ဖက်လူကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုကျဆက်မ​တွေးပဲ ဒီလူကမျက်စိစုံမှိတ်xင်ပိတ်ငြင်းချင်နေ​သေးတာပဲ။

သူကဝန်ခံမှာမဟုတ်ဘူးဆိုတာ ခန့်မှန်းမိပြီးသားဖြစ်၍ ဟုတ်သည်ဖြစ်​စေမဟုတ်သည်ဖြစ်​စေ၊ ထိုင်ငြင်း​နေဖို့ မရည်ရွယ်​​ထား​ပေ။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneМесто, где живут истории. Откройте их для себя