Chapter 10 [ Unicode ]

774 102 19
                                        

Edited ✔️

အပိုင်း(၁၀)
"မင်း....လျက်ကြည့်ချင်လား?"

အပြင်ကနေ တံခါးပိတ်သံကြားတာနဲ့ကျီချန်ဖုန်းကို အိပ်ခန်းထဲမှာပဲ​နေခဲ့ဖို့ရာ အချက်ပြပြီး တစ်ယောက်တည်း ထွက်လာခဲ့သည်။

ရေခဲသေတ္တာထဲတွင် အစားအသောက်များ ပြည့်နှက်နေပြီး ခဏက စားကြွင်းစားကျန်အမှိုက်များ ပါပျောက်ကွယ်သွားကာ ထန်ပိအန်းကိုလည်းမည်သည့်နေရာမှာမှ မတွေ့ရတော့သောကြောင့် သူထွက်သွားခဲ့တာ​သေချာ​​လေပြီ။

နောက်​နောင်တွင် ကျီချန်ဖုန်းနှင့်ပို၍ပို၍​တွေ့​ဆုံမှုများရှိလာလိမ့်မည်ဖြစ်၍၊ ထန်ပိအန်း အခုလိုတံခါးမရှိ၊ဓါးမရှိလာရောက်တတ်သည့်အကြိမ်အရေအတွက်ကို လျှော့ချဖို့​ပြောရန်လိုအပ်သည်၊ မ​တော်တဆသူတို့၂​ယောက်ထိပ်တိုက်သာ တိုးမိပါကအလွန်ပင်ဒုက္ခရောက်လိမ့်မည်​။

ဒါပေမယ့်သူမရှိလျှင်လည်း အစားအသောက် ယူလာပေးမယ့်သူ၊ အိမ်သန့်ရှင်းရေးနဲ့သွားလာ​ရေးကို ကောင်းကောင်းကိုင်တွယ်နိုင်မယ့်သူရှိမှာမဟုတ်​ပေ။ ထိုအချက်ကိုလည်း မ​မေ့သင့်​သော​ကြောင့် ​သေ​သေချာချာမကိုင်တွယ်နိုင်လျှင်ဒုက္ခဖြစ်လာလိမ့်မည်ပင်။

ဒါ​တွေကိုတွေးမိလိုက်တာနဲ့ ခေါင်းကပြန်ကိုက်လာသလိုလို။

ကြံရာမရ၍ လည်ပင်းကိုသာ ပွတ်သပ်​နေရင်း လှည့်ကြည့်လိုက်တော့ကျီချန်ဖုန်းကကုတင်​ပေါ်မှအိပ်ခန်းတံခါး​ရှေ့၌၊လက်တစ်ဖက်နဲ့ တံခါးလက်ကိုင်ဘုကိုကိုင်ထားလျက် ကျန်တစ်ဖက်က လက်သီးတွေကိုတင်းတင်းဆုတ်ထားပြီး ကျွန်​တော့်ကိုကြည့်​နေသည်။

သူက ပခုံးကျယ်ပြီး အရပ်မြင့်တဲ့သူတစ်​ယောက်မှန်းသိသာထင်ရှားပါတယ်၊ ဒါပေမယ့် ဘာ​​ကြောင့်မှန်းမသိ-သူ့ကိုမြင်မိတာနဲ့ ငယ်ငယ်က​​စောင့်ကြည့်ခဲ့ဖူးတဲ့ တောကြောင်တစ်ကောင်ကို ပြန်အမှတ်ရစေသည်ပင်-အစာတစ်ခုကို​တွေ့တဲ့အခါ မိခင်ကြောင်မကြီးက အ​ခြေအ​နေကိုကြည့်ရန်ထွက်လာတတ်သည်။ ပထမဦးစွာ မိခင်ကြောင်မကြီးကအန္တရာယ်မရှိဟု အတည်ပြုနိုင်မှသာ အဝေးမှစောင့်ဆိုင်း​​နေ​သော ကြောင်ကလေးသည် သူ၏ အချက်ပြချက်ဖြင့်ပြေးလာပြီးစိတ်ချလက်ချ စားသောက်နိုင်ကြသည်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now