Chapter 9 [ Unicode ]

752 104 13
                                        

Edited ✔️

အပိုင်း(၉)
စိတ်ဝင်စားစရာပျော်ရွှင်မှုအသစ်?

အဖျားကျပြီး​သော်လည်း ခန္ဓာကိုယ်မှာ နာကျင်နေပြီး နွမ်းနယ်နေသေးသည်။မီးဖိုချောင်ထဲက အစားအသောက်နံ့တွေသင်းပျံ့လာတဲ့အခါ အိပ်မက်မက်နေရုံသာဖြစ်နိုင်သည်ဟူသည့်ခံစားချက်များပြင်းထန်လာ​တော့၏။

​ဘယ်သူကဟင်းလာချက်​ပေးမှာမို့လို့လဲ​လေ?
အိပ်မက်ကလွဲလို့ ကျန်တာမဖြစ်နိုင်​ပေ။

မီးဖိုချောင်သုံးတဲ့ နောက်ဆုံးအချိန်ကိုမ​ပြောနှင့်၊ နောက်ဆုံး တစ်စုံတစ်ယောက်က ကျွန်တော့်အတွက်အထူးပြင်ဆင်​ပေးဖူးတဲ့ မနက်စာဆိုတာရှိဖူးမရှိဖူးကိုပင်မမှတ်မိ​တော့​ချေ။

အဆ်ိုးဆုံးက​တော့ ဘယ်သူကပြင်​ပေးဖူးလဲဆိုတာ​တောင်မသိ​တော့ခြင်းပင်။

တစ်ကယ်​တော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ညညဆို လွယ်လွယ်အိပ်မပျော်တဲ့ရောဂါဟာ တစ်​နေ့တစ်ခြားပိုဆိုးလာခဲ့သည်ပင် ၊ ဆေးသောက်တာတောင် ​ဆေးမတိုး​တော့​ပေ။

​နေ့စဥ် အိပ်​ပျော်​နေကျချိန်သည် မိုးလင်းခါနီးမှဖြစ်ပြီး မျက်လုံးဖွင့်လိုက်တာနဲ့ ည​ဘက်ရောက်​နေ​​တတ်သည်။ တစ်ကယ်​တော့ ဒါ​တွေကကျွန်​တော့်အတွက်သိပ်​တောင်မထူးဆန်း​တော့ပဲ ​နေသား​တောင်ကျ​နေပါပြီ။

အချိန်အကြာကြီး အိပ်ပျော်မိသွားရင်တောင် ခန္ဓာကိုယ်က အရိုးတွေ၊ အစာအိမ်နဲ့ စိတ်ဓာတ်တွေပင်ပန်းနွမ်းနယ်နေတော့ အစာစားတဲ့အခါ နေရာမရွေးပြန်အန်ချင်သလိုခံစားရပြီးအစားအ​သောက်ရဲ့ အရသာဆိုတာဘာမှန်း​တောင်မသိ​တော့​။

ဒီလိုအခြေအနေမျိုးမှာ မနက်စာစားတာက ဇိမ်ခံပစ္စည်းတစ်ခုလိုဖြစ်လာသည်။

စိတ်အေး​အေးချမ်းချမ်းနဲ့ မနက်စာစားဖို့ရန်စားပွဲမှာထိုင်ခွင့်ရလိုက်တာက ဂဏန်းတွေကိုပေါ့ပေါ့ပါးပါး​ရွေးပြီး ထီထပေါက်သလိုထူးခြားဆန်းကြယ်လွန်းသည်။

ကြမ်းပြင်မှမျက်နှာကြက်ဆီသို့ ပြတင်း​ပေါက်မှနေရောင်ထိုး​ဖောက်လာသည်ဖြစ်စေ၊မီးဖိုချောင်ထဲတွင် အသံများဆူညံနေသည် ဖြစ်စေ ကျွန်​တော့်အတွက်​တော့ ထိုအရာများမှာ ထူးခြားလွန်း၍ဆန်းသစ်​နေသလိုပင်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now