Chapter 21 [ Unicode ]

613 88 7
                                        

အပိုင်း(၂၁)
ခင်ဗျားမရှိ​တော့တဲ့နောက်ပိုင်း
စန်းမိသားစုဆီမှာကျွန်​တော်ဘယ်လိုဘဝမျိုးနဲ့နေခဲ့ရလဲဆိုတာကိုသိရဲ့လား"

လူကိုအငိုက်ဖမ်းလာတဲ့ဒီအနမ်းကအခုညအတွက်​တော့ကျီချန်ဖုန်းရဲ့အားအင်​တွေကိုကုန်ဆုံးသွားစေသလိုကျွန်တော့်နှုတ်ခမ်းကိုခဏ​လောက်ထိလိုက်ပြီးတာနဲ့အားကုန်သွားသည့် ဘက်ထရီတစ်တုံးလိုတန်းလျှောကျလာပြီးပုခုံးပေါ်မှီချလာ၏။

အဲ့​လောက်မြန်လိမ့်မယ်လို့မထင်ထားသဖြင့်မှင်သက်သွားပြီး​နောက်တွင်​တော့တံခါးဝကယန်ရှန့်ဟွားကိုကြည့်ဖို့ခေါင်းကိုလှည့်လိုက်၏။သူမနဲ့ခဏလောက်တိတ်တဆိတ်အကြည့်ချင်းဖလှယ်ပြီးနောက် အဖတ်မလုပ်ပဲကျီချန်ဖုန်းကို သူမရဲ့ထိတ်လန့်ပြီးအ​ဖြေရှာနေတဲ့အကြည့်​တွေအောက်မှာအခန်းထဲသို့တွဲပို့​ပေးခဲ့၏။

လုံးဝမူး​မောက်ကာအသိမရှိနေတဲ့ကျီချန်ဖုန်းကိုကုတင်ပေါ်တင်လိုက်ပြီး​တော့အနောက်ကနေ ချောင်းဆိုးသံကြားလိုက်ရ၏။ယန်ရှန့်ဟွားရဲ့ မျက်နှာကသိပ်အ​ခြေအ​နေမဟန်​နေကာ​နေမ​ကောင်း​နေပုံ​ပင်ပေါ်​နေသည်။

ကျီချန်ဖုန်းကိုယ်ပေါ်သို့စောင်​တစ်ထည်ကို ဖြန့်ခြုံ​ပေးလိုက်ပြီး​နောက်တွင်​တော့ သူ့နားရွက်ပေါ်ရှိကိရိယာကိုချွတ်ပြီး ဘေးမှာထား​ပေးလိုက်၏။လုပ်စရာရှိတာတွေအားလုံးလုပ်​ပေးပြီးသွားတော့ သူ့ကိုသယ်လာရလို့ နာကျင်နေတဲ့ကြွက်သားတွေကိုဆန့်ပြီးအပြင်ဘက်ကို လှည့်ထွက်လာခဲ့၏။

ယန်ရှန့်ဟွား၏မျက်လုံးအကြည့်​တွေကိုဂရုစိုက်ချင်စိတ်လည်းမရှိသလို၊အခုဖြစ်​နေတာများနှင့်ပတ်သက်ပြီးရှင်းပြချင်ပုံလည်းမပြခဲ့​ပေ။သူမကိုတစ်ချက်​တောင်ကြည့်လိုက်ဖို့စိတ်မကူးဘဲဂရုမစိုက်ဟန်ဖြင့်သူမနားကသာဖြတ်သွားလိုက်၏။

ဖိနပ်ကိုစီးဖို့ငုတ်တုတ်ထိုင်ပြီးတံခါးကိုတွန်းဖွင့်လိုက်​ရင်းပြင်ပကလေကောင်းလေသန့်ကို​လေး​လေးနက်နက်ရှူသွင်းလိုက်၏။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင်သံတံခါးကို ရုတ်တရက်ဖွင့်လိုက်သံနှင့်ရှုပ်ယှက်ခတ်နေသော ခြေသံများကြားလိုက်ရသည်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneDonde viven las historias. Descúbrelo ahora