Chapter 20 [ Unicode ]

618 93 13
                                        

အပိုင်း(၂၀)
ကိုယ့်ရဲ့နတ်သား​လေး။

ကျွန်​တော်တို့စားပွဲဝိုင်းမှာထိုင်ပြီး သိပ်မကြာခင်မှာပဲရှင်းဟယ်ကျစ်သည်လည်းကုမ္ပဏီရဲ့အကြီးတန်းအမှုဆောင်အရာရှိတွေနဲ့အတူရောက်ရှိလာခဲ့သည်။အတွင်းရေးမှူးက ကြိုတင် Booking ယူထားတဲ့စားပွဲဝိုင်းကလူအ​ယောက်နှစ်ဆယ်စာလောက်​ကျယ်​လေ၏၊ကျွန်​တော်တို့ကအားလုံး​ပေါင်းမှဆယ်ယောက်ပဲရှိသဖြင့်အားလုံးသက်တောင့်သက်သာထိုင်နေလျက်ရှိကြသည်။

အမှန်တော့ချိုက်ခုန်းခုန်းသည်စစ်မြေပြင်တွင် ကာလကြာရှည်နေခဲ့သောစစ်ပြန်အေးဂျင့်​ဟောင်းတစ်ဦးဖြစ်သည်။သူသည်စားပွဲ၌ပြောစရာအကြောင်းအရာများကို ရှာဖွေခြင်း၊ အဆင့်မြင့် အမှုဆောင်အများအပြားကို မြှောက်ပင့်ပေးခြင်း၊ အမျိုးမျိုးသောသတင်းနှင့်အတင်းအဖျင်းများအကြောင်းပြောဆိုခြင်းတို့တွင်တစ်ဖက်ကမ်းခပ်အလွန်တော်လှသည်။သူ့ကျေးဇူးကြောင့်ညစာစားပွဲမှာစိုးစင်းမျှတိတ်ဆိတ်ငြိမ်သက်ခြင်းမရှိ။

ရံဖန်ရံခါတွင်၊ကျွန်​​တော့်ထင်မြင်ယူဆချက်များကိုမေးမြန်းရန်ကျွန်​တော့်ထံသို့လှည့်လာတတ်ပြီး၊ ကျွန်​တော်က​တော့စိတ်မဝင်စားကြောင်းဖော်ပြရန် "အွန်း"၊ မကျ"အို"၊မကျ "ကောင်းတာ​ပေါ့" ကဲ့သို့သောပြည့်စုံသောအဖြေများပေး​လေ့ရှိ၏။

ဒီလိုနဲ့​နောက်တော့သူတို့ကကျွန်တော့်ကိုအနှောင့်အယှက်​ပေးကာ​မေးမ​​နေ​တော့​ပေ။

လွီ​ဆွေ့တွင်ရှင်းဟယ်ကျစ်နှင့်အကျွမ်းတဝင်ရှိချင်သည့်ရှင်းလင်း​​သောပန်းတိုင်တစ်ခုရှိသည်။ အစပိုင်းတွင်သူသည်သူမအား "ရှင်းသခင်မ" ဟုခေါ်ဆိုခဲ့သော်လည်းအချိန်​လေးနည်းနည်းကြာ​လာသည့်အချိန်တွင်​တော့သူမအား " ရှင်းကျဲ" ဟုသာခေါ်ဆိုလာ၏။

ကြည့်ရတာ ကျန်းကျဲ့ယွမ်အတွက် အခုထမင်းစားပွဲ​ကြောင့်ဦးလေးအသစ်တစ်​ယောက်ကိုတိုက်ရိုက်ရ​တော့မည်ပင်။

ကျိုးကျီယွိလိုမျိုးကျွန်​တော့်ကိုဆရာကြီးလုပ်ပြီးကျော်ဖို့မကြိုးစားသရွေ့တော့ကိုယ်လိုချင်တဲ့ရည်မှန်းချက်ကိုအတိအကျသိပြီးပန်းတိုင်​ရောက်ဖို့ဘယ်နည်းနဲ့မဆိုကြိုးစားရဲတဲ့သူမျိုးကို​လက်ခံနိုင်ပါ၏။သူ့လိုလူမျိုးကကိုယ့်အကျိုးရဖို့ကလွဲပြီးကျန်တဲ့အ​ရေးမပါတာ​တွေကိုဝင်မပါတတ်သူမျိုးပင်ဖြစ်၏။​ပြောရရင်အမြင့်ကိုတက်ခွင့်ရဖို့ ရုန်းကန်ကြိုးစား​နေကြတဲ့ဒီလိုလူတွေကိုကြည့်ရတာလည်းပျော်စရာပါပဲ​လေ။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneWhere stories live. Discover now