Chapter 7 [ Unicode ]

848 104 16
                                        

Edited ✔️

အပိုင်း(၇)
ခင်ဗျား..ကျွန်​တော့်ကို ကြိုက်လား?

ရှုပ်ပွနေသောကားအတွင်းပိုင်း၊ မထင်မှတ်ထားသောရုပ်ပိုင်းဆိုင်ရာထိတွေ့မှုနှင့်မဖြစ်သင့်သော ဇီဝကမ္မတုံ့ပြန်မှု...။မြင်ကွင်းသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဒါကို အဖြေရှာဖို့ ကြိုးစား​နေတုန်းအသံတစ်ခုထွက်လာခဲ့သည်။

"အိုး ဘာဖြစ်ကြတာလဲ"

လီချန်းသည်သူ့လက်ထဲကခရီး​ဆောင်အိတ်ကို ချလိုက်ပြီး အခြေအနေကိုစစ်ဆေးရန် အမြန်​ပြေးလာခဲ့၏။ဒီအဘိုးကြီးသည်အချိန်​ကောင်းကိုမှ​​ရွေးပြီး​ပေါ်လာ​သေးသည်။

စိတ်ထဲ​တွင်ကြိမ်ဆဲပြီး မျက်မှောင်ကြုံ့ကာ လဲကျ​နေရာမှနောက်ကိုမြန်မြန်ဆုတ်လိုက်သည်။

အဝတ်အစားတွေကိုသပ်သပ်ရပ်ရပ်ပြန်ဖြန့်ကာကားထဲကနေ ထွက်ခဲ့ပြီး ခန္ဓာကိုယ်ပေါ် ကပ်နေတဲ့ပြာမှုန့်တွေကို ဖယ်ခါလိုက်သည်။

"အဆင်ပြေပါတယ်၊ ကျွန်​တော်မတော်တဆ ပြုတ်ကျသွားရုံတင်ပါ"

ကျီချန်ဖုန်းအားလီချန်းကဆွဲထူ​ပေး​သော​ကြောင့်မတ်တပ်ထရပ်ကာ တစ်ဖက်သား၏မေးခွန်းကို ဖြေနေရင်းကျွန်တော့်ကိုစိုက်ကြည့်နေသည်။

တတိယလူတစ်ယောက်ရှိနေတော့ ခုနကဖြစ်ပျက်တာ​တွေအတွက်​ပြောဖို့ အဆင်မပြေခဲ့​ပေ။ ထို့အပြင် ကျန်းကျဲ့ယွမ်သည်လည်း ကားထဲတွင် ကျွန်​တော့်အားစောင့်နေဆဲဖြစ်သည်ပင်။

အချိန်​တွေကအများကြီးရှိပါ​သေးတယ်၊ဒီလူ ဘာတွေဖြစ်နေလဲဆိုတာကို အဲ့အခါ​တွေကျမှ ခန့်မှန်းကြည့်လဲ​နောက်မကျ​သေးပါဘူး​​လေ။

"ဒါဆို ကျွန်​​​တော်အရင်သွားနှင့်​တော့မယ်​နော် "

အနက်ရောင်​အေပရွန်ဖြင့်မြင်ကွင်းကိုပိတ်ဆို့ထားသည့်သူ့အောက်ပိုင်းကိုအကြည့်များ​ရောက်သွားမိသည်။

အခုလို ကိုယ်တိုင်သာမကြုံခဲ့ရင် ဒီလောက်အသက်ဝင်လိမ့်မယ်လို့ ဘယ်တုန်းကမှထင်ထားမိခဲ့မှာမဟုတ်​ပေ။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneDonde viven las historias. Descúbrelo ahora