အပိုင်း(၂၉.၂)
ကိုယ့်ကိုမလိုချင်တော့ဘူးလား?
ကျီချန်ဖုန်းက နံရံတစ်ဖက်ကိုတိတ်တဆိတ်မှီထားပြီး အခန်းတံခါးရှေ့မှာရပ်နေတာကို တွေ့လိုက်ရတော့ စိတ်တွေ လွတ်သွားပြီး လွီဆွေ့ကိုစကားပြန်ပြောဖို့တောင်မေ့သွားတော့၏။
ဘယ်လောက်ထိ အသိစိတ်ပျောက်ချင်သလိုဖြစ်သွားသလဲဆိုလျှင် လမ်းလျှောက်တာတောင်ရပ်လိုက်ပြီး အသက်ရှုဖို့တောင် မေ့သွားသလိုပင်။
SHIT ကျိုးကျီယွိကို ငါတကယ်သံသယမ၀င်သင့်ဘူး၊ ဒီကောင်က PUA နတ်ဘုရားအတိုင်းပဲ။
ကျီချန်ဖုန်းက ကိုယ်ကိုတည့်တည့်မတ်မတ်ရပ်ထားပြီး အသံကြားသဖြင့် ကော်ရစ်ဒါဘက်ကိုလှည့်ကြည့်လာတော့ လွီဆွေ့နဲ့ကျွန်တော့်ကို သဘာဝအတိုင်း မြင်လိုက်ရတော့သည်။
ကျွန်တော့်အင်္ကျီရဲ့အပေါ်ဆုံး ကြယ်သီးသုံးလုံးမှာပွင့်နေပြီး ရင်ဘတ်ရဲ့အနေအထားကိုလည်း ပေါ်လွင်နေစေ၏။
လွီဆွေ့က ခုနက ကျွန်တော့်တစ်ကိုယ်လုံးပူနေတာပဲလို့ပြောနေရင်း သူ့လက်ဖဝါးက ရင်ဘတ်ကို ဖိထားလျက်ရှိနေသည်ကို ကျီချန်ဖုန်းတစ်ယောက်တွေ့သွားခဲ့လေသည်။
တိုက်ဆိုင်လိုက်တာများကွာ ...!?
သူကဟိုတယ်ခန်းတံခါးဝမှာစောင့်နေခဲ့တာတောင် ငါက အရက်မူးမူးနဲ့ပြန်ရောက်လာပြီး ရောက်လာပြန်တော့လဲ တစ်ခြားလူတစ်ယောက်ရဲ့လက်ကရင်ဘတ်ကိုဖိထားတာခံနေပြီးတော့တဲ့။
ဤကမ္ဘာတွင်၊ ဒီလိုပုံစံကိုမြင်လိုက်ရတာတောင် ကျွန်တော်နှင့်လွီဆွေ့ကြားတွင် ဖြူစင်သော ခင်မင်ရင်းနှီးမှုရှိသည်ဟုပြောလျှင် ကျန်းကျဲ့ယွမ်တစ်ယောက်ကသာယုံနိုင်ပေလိမ့်မည်။
အတွေးမျိုးစုံမှာ ဖရိုဖရဲပြန့်ကျဲနေပြီး အသက်ရှုကြပ်လာကာ မသိစိတ်ကလွီဆွေ့ရဲ့ပံ့ပိုးမှုကနေ တိတ်တဆိတ်ထွက်လာခဲ့မိ၏။
လွီဆွေ့သည် အတော်လေးပိုင်းခြားသိမြင်တတ်ပြီး အရှေ့၌ရှိနေသူသည် ကျီချန်ဖုန်းဖြစ်သည်ကို မြင်သောအခါတွင် ကျွန်တော့်အားအလွန်အမင်း အနှောက်အယှက်မပေးတော့ဘဲ အလွယ်တကူ လွှတ်ပေးလိုက်လေသည်။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish Gene
Romanceစာရေးသူ Hui Nan Que ၏ The Selfish Gene အားမြန်မာဘာသာပြန်ထားခြင်းဖြစ်ပါသည်။ English Name : The Selfish Gene [一念之私] Status in COO : 74 Chapters + Extras • လူယုတ်မာဟုယူဆခံရသူတစ်ဦးသည် တစ်စုံတစ်ဦးကို ချစ်တတ်သွားသောအခါ၊ ထို...
