အပိုင်း (၂၆)
“ဟင် ဟုတ်ဟုတ် ကျွန်တော်စောင့်နေမယ်နော်~”
✿
ကျွန်တော်သူ့ကိုကူညီနိုင်မလားတဲ့လား?။
သေချာတာပေါ့ .. ကျွန်တော်သာသူ့ကို ကူညီပေးချင်စိတ်မရှိရင် အစတည်းက ဘာကြောင့် ဒီဒုက္ခတွေကို ဖန်တီးနေရဦးမှာလဲ။
“လာပါ..ကားပေါ်မှာ စကားသွားပြောရအောင်” ထီးကို သူ့ဘက်သို့ အနည်းငယ်စောင်းငဲ့ပေးကာ တိုးတိုးလေး ပြောလိုက်သည်။
သူဝယ်လာခဲ့သောထီးလေးသည် ကျွန်တော်တို့နှစ်ယောက်လုံးကို လုံးလုံးဖုံးလွှမ်းပေးနိုင်ရန် သေးငယ်လွန်းလှသဖြင့် နှစ်ယောက်စလုံး၏ကိုယ်ခန္ဓာတစ်ဝက်ခန့်သည် မိုးရေနှင့်ထိတွေ့ခဲ့ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကားပါကင်နေရာသည် ကုန်စုံဆိုင်နှင့် မီတာတစ်ဒါဇင်ခန့်သာဝေးသည်ဖြစ်ရာ သိပ်အဆိုးကြီးတော့မဟုတ်လှပေ။
ဒီခရီးတိုလေးအတွင်းမှာ ကျီချန်ဖုန်းက သူ့လက်ထဲမှာ ပလတ်စတစ်ပုံးကိုသာ မြဲမြဲကိုင်ထားပြီး တိတ်တိတ်လေးသာလိုက်လာ၏။
မသိလျှင်ကျွန်တော့်ထံမှ အကူအညီရဖို့ ပြောလိုက်တဲ့ စာတိုလေးဟာ သူ့ခွန်အားတွေ အကုန်လုံးကိုကုန်ခမ်းသွားစေသလိုပင်။
ကားပေါ်တက်ပြီးတာနဲ့ ချက်ချင်းပဲ အပူပေးစက်ကိုဖွင့်ပြီး တစ်ရှူးဘူးထဲမှ ၂ရွက်လောက်ကိုထုတ်ကာ စိုစွတ်နေတဲ့အဝတ်တွေကို သုတ်ဖို့ ကျီချန်ဖုန်းရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
ကျွန်တော်ကိုယ်တိုင်လည်း တစ်ရှူးအနည်းငယ်ယူကာ ရွှဲရွှဲစိုနေသောလက်မောင်းပေါ်တွင် ဖိချထားလိုက်၏။
ထို့နောက် အကြောင်းအရာကို ဆက်မေးလိုက်ပြီး "မင်းကို ဘယ်လိုကူညီစေချင်တာလဲ"
ကျီချန်ဖုန်းသည် အမှောင်ထဲတွင် ထိုင်ကာ တစ်ရှူးတစ်ရွက်ကိုကိုင်လျက် သူ့အကြည့်များက ကျွန်တော်နဲ့မျက်လုံးချင်းမဆိုင်ရဲဘဲ ကားပေါ်ရှိတစ်ရှူးဘူးဆီသာကျရောက်နေ၏။
YOU ARE READING
တစ်ကိုယ်ကောင်းဆန်သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish Gene
Romanceစာရေးသူ Hui Nan Que ၏ The Selfish Gene အားမြန်မာဘာသာပြန်ထားခြင်းဖြစ်ပါသည်။ English Name : The Selfish Gene [一念之私] Status in COO : 74 Chapters + Extras • လူယုတ်မာဟုယူဆခံရသူတစ်ဦးသည် တစ်စုံတစ်ဦးကို ချစ်တတ်သွားသောအခါ၊ ထို...
